လောကမှာ အရှုပ်ထွေးဆုံး အရာတွေထဲမှာ အချစ်ရေးကလည်း တခုအပါအဝင်ဖြစ်ပါတယ်။ အချစ်ရေးက ရှုပ်ထွေးလွန်းလို့ တခါတလေကျတော့ ပြဿနာတွေလည်းအများကြီး တက်လေ့ရှိကြပါတယ်။ ဒါပေမယ့်အခုကတော့ လုံဂဝဆန်းကျယ်တဲ့ ကိစ္စလို့ပြောလို့ရပါတယ်။ ဘရာဇေးလ်မှာ Authur လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ Luana လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ထားပေမယ့် သူ့မှာ နောက်ထပ် ချစ်သူ ကောင်မလေး 7 ယောက် ရှိခဲ့ပြီး သူတို့ကို သူ့အဖွားဆီခေါ်လာပြခဲ့ပါတယ်။

အဲ့ဒီမိန်းကလေး 7 ယောက်ဟာ Authur ရဲ့တိတ်တိတ်ပုန်းတွေတော့မဟုတ်ပါဘူး။ Authur လက်မထပ်ခင်ကတည်းက ရှိခဲ့ပြီး သူ့ဇနီးကိုယ်တိုင် သဘောတူထားတဲ့ ကောင်မလေးတွေဖြစ်ပါတယ်။ Authur က ယုံကြည်မှုပြင်းစွာနဲ့ သူ့ဇနီးကိုသူတို့ရဲ့ ဆက်ဆံရေးထဲ မိန်းကလေး 7 ယောက်ကိုခေါ် ထည့်ဖို့တောင်းဆိုခဲ့ပါတယ်။သူ့ဇနီးကလည်း သူယောကျာ်း ပျော်ရွှင်ဖို့ဟာ သူ့ရဲ့ ဦးစားပေးဖြစ်တဲ့အတွက် သူ့ယောကျာ်းရဲ့ ဆန္ဒကိုသဘောတူ ခွင့်ပြုပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာ သူ့ဇနီးနဲ့ အဲ့ဒီမိန်းကလေးတွေ တွေ့ဆုံခဲ့ပြီး အလုပ်တွေတောင် အတူတွဲလုပ်ခဲ့ကြပါတယ်။ သူ့ဇနီးက “ကောင်မလေးတွေက ချစ်စရာကောင်းပြီး အခုဆို တယောက်နဲ့တယောက်ပိုပြီးတော့ နီးစပ်လာပြီး ယုံကြည်လာကြပါပြီ၊ သူ့ယောကျာ်းနဲ့လည်းပိုပြီး ဆက်ဆံရေးခိုင်မာလာစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Authur ကတော့ သူ့ရဲ့ အမျိုးသမီးအပါအဝင် ကောင်မလေး 8 ယောက်လုံကို တန်းတူရည်တူ ဂရုစိုက်ပါတယ်လို့ဆိုထားပြီး ကောင်မလေးတွေကလည်း သူတို့ကိုဂရုစိုက်ပါတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့်လည်း Authur အနေနဲ့ တယောက်ယောက်နဲ့ပိုပြီး အချိန်ဖြုန်းမိခဲ့ရင် ကျန်တဲ့လူတွေက မနာလိုဖြစ်လာမှာ စိုးတဲ့အတွက် စာချုပ်ချုပ်ခဲ့ကြပါတယ်။

မကြာသေးမီက သူတို့စုံတွဲဟာ Arthur ရဲ့ အဖွားကို ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးခဲ့ပြီး သူ့မိသားစုက အခုကိစ္စကို သဘောမတူပေမယ့် သူတို့က သည်းခံပေးခဲ့ပါတယ်လို့ ပြောပါတယ်။ သူ့အဖွားကတော့ သူ့ရဲ့ယဉ်ကျေးမှုနဲ့ သူ့ရဲ့ဘာသာတရားကြောင့် လက်မခံပေမဲ့ သူ့မြေးရဲ့ ခံစားချက်တွေကို လေးစားပါတယ်လို့ ပြောခဲ့ပါတယ်။