မျက်နှာကိုစကန်ဖတ်လိုက်ယုံနဲ့ အသက်အတည်ပြုပေးနိုင်မယ့် နည်းပညာကို Instagram စမ်းသပ်အသုံးပြုနေ

https://s9.kh1.co/36/3611c4092ae3d61b4c4d4f21f6729f55781cd388.webp
နေ့စဉ်သတင်းများ
 24-Jun-2022 10am · 7 months ago

ဒီနည်းပညာကို အမေရိကန်နိုင်ငံမှာ စတတင်အသုံးပြုနိုင်ပါပြီ

Instagram ဟာအသုံးပြုသူတွေရဲ့ အသက်တွေကိုခန့်မှန်းနိုင်ဖို့ နည်းလမ်းတွေကိုဆက်တိုက်စမ်းသပ်လျက်ရှိပါတယ်။အဲ့ဒီနည်းလမ်းတွေထဲမှာ Yoti ဆိုတဲ့ Third-party ကုမ္ပဏီတစ်ခုက တီထွင်နေတဲ့ မျက်နှာကိုစကန်ဖတ်ပြီး အသက်ကိုခန့်မှန်းတာလည်း တစ်ခုအပါအဝင်ပါ။ခုဆိုအဲ့ဒီနည်းပညာကိုစမ်းသုံးနေပါပြီ။

https://s9.kh1.co/__image/w=650,h=650,q=100/e2/e24d9a571baa8da52bc81346460e6006ec8ed8ee.jpg

ပုံမှန်ဆိုရင်တော့ Instagram အသုံးပြုသူတစ်ယောက်ဟာ အနည်းဆုံး အသက် ၁၃ နှစ်ရှိရမှာဖြစ်ပေမဲ့ အကောင့်ဖွင့်ရင် ဒီတိုင်းရိုးရိုးတန်းတန်း ခုနှစ်ကိုပဲဖြည့်ရတာဆိုတော့ ဘယ်သူမဆိုအသက်ကိုလိမ်လည်ပြီး ဖြည့်ထားနိုင်ပါတယ်။အဲ့ဒါကြောင့် ကလေးသူငယ်လုံခြုံရေးဆိုင်ရာတွေအတွက် အသက်အရွယ်ခွဲခြားတဲ့ နည်းပညာတွေကိုအသုံးပြုပြီး ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေကို ခွဲခြားဖို့ပြင်ဆင်နေတာပါ။

https://s9.kh1.co/__image/w=600,h=450,q=100/d3/d341d889ba7fb657acf27a63675a2f74c5da8b08.png

ခုလက်ရှိကတော့ Instagram ပေါ်မှာအသက်အတည်ပြုတော့မယ်ဆို Facebook ပေါ်မှာလိုပဲ မှတ်ပုံတင်ပုံနဲ့တွဲတင်ပြီး အတည်ပြုပေးရတာဖြစ်ပေမဲ့ ခုချိန်ကစပြီး မှတ်ပုံတင်ပြရတာအပြင် နောက်ထပ်ရွေးချယ်စရာနှစ်ခု ထပ်တိုးသွားပါပြီ။အဲ့ဒါတွေကတော့ Social Voucher ကိုပြရတာနဲ့ AI နဲ့အသက်အတည်ပြုပေးရတာတို့ပါ။

https://s9.kh1.co/__image/w=650,h=366,q=100/e6/e65685463b83c806772f62b9ec16c4f452ed9ca9.png

ပထမနည်းလမ်းဖြစ်တဲ့ Social Voucher မှာဆိုရင် အတည်ပြုချင်တဲ့အကောင့်ကို Follow ထားတဲ့ ၁၈ နှစ်ပြည့်ပြီးသူသုံးယောက်ကို ခုအတည်ပြုမယ့်အကောင့်ပိုင်ရှင်ကပါ ၁၈ နှစ်ပြည့်ပြီလားဆိုတာ Instagram ကတိုက်ရိုက်လှမ်းမေးတာဖြစ်ပါတယ်။အဲ့ဒါကြောင့် ကိုယ့်မိဘတွေ၊သူငယ်ချင်းတွေကို အတည်ပြုပေးခိုင်းလို့ရပါတယ်။ဒုတိယမြောက်နည်းလမ်းဖြစ်တဲ့ AI မှာတော့အတည်ပြုမယ့်လူဟာ Sefile Video တစ်ပုဒ်ရိုက်ပြီး Yito ကိုပေးပို့ရမှာပါ။အောက်ပါ Link မှာစမ်းသုံးကြည့်လို့ရပါတယ်။

သတင်း အရင်းအမြစ်Age estimation

Yoti ရဲ့ ID အတည်ပြုတဲ့နည်းပညာတွေက အရမ်းကောင်းပြီး အင်္ဂလန်နဲ့ဂျာမန်အစိုးရတွေကပါ ခွင့်ပြုပေးထားပြီး ကိုယ်တိုင်လည်းအသုံးပြုတဲ့နည်းပညာတွေပါ။လက်ရှိတော့ အမေရိကန်မှာအဲ့ဒီနည်းပညာကိုစသုံးနိုင်ပြီဖြစ်ပြီး တခြားနိုင်ငံတွေမှာတော့ ဘယ်ချိန်လောက်မှာထုတ်ပြမလဲဆိုတာ မသိရသေးပါဘူး။

သတင်း အရင်းအမြစ်Instagram is testing an AI tool that verifies your age by scanning your face

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း