အပ်ရမယ့်ရက်ထက် ၇၆ နှစ်နောက်ကျပြီးမှ စာကြည့်တိုက်ကို စာအုပ်ပြန်အပ်ခဲ့သူ

//s9.kh1.co/5f/5fe74e5062d1d1a2af0e11b029062a6a952b7963.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ပေးရမယ့်ရက်လွန်ကြေးတွေကိုလည်း စာကြည့်တိုက်ဖက်က လျော်ပစ်ခဲ့ပါတယ်တဲ့

အင်္ဂလန်နိုင်ငံက အများပြည်သူပိုင်စာကြည့်တိုက်တစ်ခုမှာ လွန်ခဲ့တဲ့ ၇၆ နှစ်ကငှားသွားခဲ့တဲ့စာအုပ်တစ်အုပ်ကို ပြန်လာအပ်သူရှိတစ်ဦးရှိလာပါတယ်။စာအုပ်ကိုငှားသွားသူကတော့ ကွယ်လွန်သွားပြီဖြစ်ပြီး ခုပြန်လာအပ်တာက ငှားသွားသူရဲ့သားဖြစ်တယ်လို့သိရပါတယ်။

image via BBC
image via BBC

Bradford ကောင်စီရဲ့  Keighley စာကြည့်တိုက်ကို Charile Studdy ဆိုသူက Email တစ်စောင်ပို့ခဲ့ပြီး စာအုပ်ကိုပြန်အပ်ခဲ့တာပါ။သူဟာမိသားစုပိုင်စာအုပ်တွေကို ပြန်မွှေနှောက်နေရင်းနဲ့ အဲ့ဒီစာအုပ်ကိုရှာတွေ့ခဲ့တာပါတဲ့။စာအုပ်က This Way to The Tomb လို့အမည်ရပြီး Ronald Duncan ဆိုတဲ့စာရေးဆရာရေးသားထားတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပါတယ်။

image via Bradford Telegraph & Argus
image via Bradford Telegraph & Argus

နောက်ဆုံးပြန်လည်အပ်နှံရမယ့်အချိန်က ၁၉၄၆ ခုနှစ်၊ဇူလိုင်လ ၁၇ ရက်နေ့ဖြစ်ပြီး ပြန်အပ်ခဲ့ချိန်ကတော့ ၂၀၂၂ ခုနှစ်၊ဂျွန်လ ၁၄ ရက်မလို့ ၇၆ နှစ်တောင်နောက်ကျနေခဲ့ပါတယ်။ငှားသွားသူက Charlie ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့အမေ Eileen Hoyle ဖြစ်နိုင်တယ်လို့သူကပြောခဲ့ပါတယ်။

image via Newsweek
image via Newsweek

ဒီအကြောင်းကို စာကြည့်တိုက်က Twitter Post ကနေကြေညာခဲ့တာပါ။ပြန်အပ်ခဲ့သူကတော့ ပျော်ပျော်ကြီးပြန်အပ်ပေးခဲ့ပေမဲ့ ပေးဆောင်ရမယ့်ရက်လွန်ကြေးတွေကိုတော့ မပေးနိုင်ကြောင်းလည်း တစ်ခါတည်းထုတ်ပြောခဲ့ပါတယ်။စာကြည့်တိုက်ဖက်က ရက်လွန်ကြေးကိုတွက်ချက်ကြည့်ရာမှာတော့ စုစုပေါင်းဒေါ်လာ ၄၃၀၀ ကျော်ကျသင့်ပေမဲ့ ရက်လွန်ကြေးမတောင်းတော့ပဲ စာအုပ်ကိုပဲပြန်လည်တောင်းခံသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း အရင်းအမြစ်Book returned to library in England after nearly 76 years

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T