အိမ်သာတက်နေရင်း ကလေးထွက်ကျလာတော့မှ ဗိုက်ကြီး‌နေတာသိတဲ့ အမျိုးသမီး..

//s9.kh1.co/09/093b25fbe3c91d76c4941fa0e8f33bc319129676.jpg
နေ့စဉ်သတင်းများ

 ၂၂-ဇွန်-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ပထမဆုံးသိလိုက်ရတဲ့အချိန်ကတော့ အိမ်သာတက်နေရင်း ကလေးလေးထွက်ကျလာတဲ့..

အမျိုးသမီးတစ်ဦးဟာ ဗိုက်နာလာလို့ အိမ်သာသွားရကနေ ကလေးမွေးခဲ့တဲ့အတွက် အံ့သြသွားခဲ့ရပါတယ်။ တော်တော်များများအနေနဲ့ ကိုယ်ဝန်ရှိလာရင် အများအားဖြင့် ပျို့အန်ခြင်း၊ ဗိုက်ပူလာခြင်း၊ ကလေးကန်ခြင်းနဲ့ ရာသီမလာတော့ခြင်း စတဲ့လက္ခဏာများစွာနဲ့သိနိုင်ပါတယ်။ ဒါပေမယ့်ထူးဆန်းစွာနဲ့ပဲ အဲ့ဒီအမျိုးသမီးဟာ၊ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ ပထမဆုံးသိလိုက်ရတဲ့အချိန်ကတော့ အိမ်သာတက်နေရင်း ကလေးလေးထွက်ကျလာတဲ့ အချိန်ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=576,h=1024,q=100/1e/1e9cd7e63c750082830e07fa6bb81d6a6feeb1e9.webp

Jess Davis ဟာ ကိုယ်ဝန်ရှိနေပြီဆိုတာကိုမသိပဲ ဗိုက်နာလို့ အိမ်သာတက်ဖို့ဆိုပြီးပဲ အိမ်သာကိုသွားခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားပဲ အိမ်သာတက်နေရင်း ကလေးမွေးသွားခဲ့ပါတယ်။ အမျိုးသမီးကတော့ သူမမျှော်လင့်ထားပြီး မသိတဲ့ အခုကိုယ်ဝန်ကို လျှို့ဝှက်ကိုယ်ဝန်လို့ ခေါ်ဆိုထားပါတယ်။

https://s9.kh1.co/__image/w=648,h=1150,q=100/95/950f883747dee2479d855d2adeb4f467f21990e6.jpg

အခုလို ထိတ်လန့်ဖွယ်ရာ အတွေ့အကြုံကို Davis က TikTok မှာ တင်ခဲ့ရာ အဆိုပါ ဗီဒီယိုကို ကြည့်ရှုသူပေါင်း 5.7 သန်းကျော်ထိရှိလာခဲ့ပါတယ်။ “only me” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ သူမဟာ ဆေးရုံကုတင်ပေါ်မှာ ထိုင်ရင်း selfie ရိုက်ကူးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ec/ecffabb4629a7773eff2688c92c3c6aeb6c31943.webp

Videoထဲကစာတန်းထိုးမှာ "ကျမ တော်တော်ကြီးတဲ့အရာတစ်ခု လိုအပ်နေပြီထင်တယ်"လို့ဖော်ပြထားပြီး  “အိမ်သာပေါ်တွင် မွေးဖွားခဲ့တယ်” ဆိုတဲ့ စာသားနဲ့ ကုတင်အောက်ခြေက မွေးကင်းစ ကလေးငယ်လေးကို ညွှန်ပြထားပါတယ်။

Comment တွေမှာလူများက Davis ကို ချီးကျုးကြပြီး သူမတွေ့ကြုံနေရတဲ့ အဆိုးရွားဆုံးအခြေအနေကို မျှဝေခဲ့တဲ့အတွက် ကျေးဇူးတင်နေကြပါတယ်။ Tiktok ကလူအများစုကတော့ အခုဖြစ်ရပ်ဟာ အလွန်ကြောက်ဖို့ကောင်းပြီး အခုလိုသတ္တိရှိရှိနဲ့ မွေးခဲ့တဲ့ မိခင်မေတ္တာကိုလည်း ဂုဏ်ပြုခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=576,h=1024,q=100/d6/d66338513b5bb5d3bec105b84f82b28c77c251e7.webp

ကလေးရော အမေရော ကျန်းမာနေစေဖို့ ဆုတောင်းနေကြပြီး အခုဖြစ်ရပ်ဟာ တော်တော်လေးကို ဆန်းကျယ်တယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။ စာဖတ်သူတို့‌ရော ဒီလိုဖြစ်တာဟာ ဘာကြောင့်လို့ထင်ပါသလဲ လွတ်လပ်စွာ လာ‌ရောက်မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

Photo-credit

သတင်း အရင်းအမြစ် The Independent

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T