အိမ်ကို တိုက်မိခဲ့တဲ့ စီရော်နယ်ဒိုရဲ့ ပေါင် ၁.၈ သန်းတန် Bugatti Veyron ကား

//s9.kh1.co/d0/d0c25bb7cc9dd9f628b93bd15044673bd9875d64.jpg
အားကစားသတင်းများ

 ၂၂-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

လူကတော့ဘာမှမဖြစ်ပေမယ့် ကားကတော့.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ပေါင် ၁.၈ သန်း တန်ကြေးရှိတဲ့ စီရော်နယ်ဒို ပိုင်တဲ့ကားဟာ တနင်္လာနေ့က မေယောကာ မှာရှိတဲ့ အိမ်ကို တိုက်မိခဲ့ပါတယ်။ မန်ယူရဲ့ ကြယ်ပွင့်ဖြစ်တဲ့ သူဟာ Balearic ကျွန်းမှာ အားလပ်ရက်အတွက် အပန်းဖြေအနားယူနေခဲ့ပါတယ်။ ပွဲစဉ်တွင် မစခင်မှာ အေးချမ်းစွာ အနားယူနေပေမယ့်လည်း သူ့ရဲ့ကား သတင်းကြောင့် စိတ်မကောင်းဖြစ်မိမှာတော့အမှန်ပါပဲ။

https://s9.kh1.co/__image/w=345,h=345,q=100/7e/7ea30be9ab93f8bd38779e2a70ce06a9aef8bacb.jpg
https://s9.kh1.co/__image/w=615,h=345,q=100/87/87f01bf62f89f28c9364653883f649b38528e9e6.jpg

သူ့ရဲ့ကားဖြစ်တဲ့ Bugatti Veyron ကို တနင်္လာနေ့နံနက်မှာ အိမ်တစ်အိမ်ရဲ့ အဝင်ဝတွင် ဝန်ထမ်းတစ်ဦးမှ မောင်းနှင်လာခြင်းဖြစ်ကြောင်း El Periodico Mediterraneo ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ကားမောင်းသူက ပြင်းထန်းတဲ့ ဒဏ်ရာမရရှိခဲ့ပေမယ့် ကားရှေ့ပိုင်းကတော့ တော်တော်ကို ဆိုးဝါးစွာ ထိမိခဲ့ပါတယ်။ အတိုက်မခံရခင် ကားကိုလည်း ပုံထဲမှာ တွေ့မြင်ရမှာပါ။

https://s9.kh1.co/__image/w=615,h=475,q=100/24/240d7cdf32438d9dc0afdffdfcdb6d5b1d4cd30c.jpg
https://s9.kh1.co/__image/w=650,h=366,q=100/f7/f75e438295f5379dc255b340f6f057cc2e9f2d50.webp

ရော်နယ်ဒိုရဲ့ ကားဆိုသလို တန်ကြေးက ပေါင် ၁.၇ သန်း ဝန်းကျင်ရှိပါတယ်။ သတင်းများအရ သူဟာ မေယောကာမှာရှိနေစဉ် သူ့ကားနှစ်စီးကို ပို့ဆောင်ဖို့ မှာခဲ့ပါတယ်။ ပို့တဲ့ကားနှစ်စီးထဲက တစ်စီးကတော့ ခုလိုပဲ တိုက်မှုဖြစ်ပွားခဲ့တာပါ။ ရော်နယ်ဒိုကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီ မပြောသေးပါဘူး။

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T