ဟောင်ကောင်မှာ နှစ်ပေါင်း ၅၀ လောက်ဆက်တိုက် စားသုံးသူတွေကို ဝန်ဆောင်မှုပေးခဲ့တဲ့ ရေပေါ်စားသောက်ဆိုင်ကြီးဟာ ပိတ်သိမ်းပြီးပြင်ဆင်မှုပြုလုပ်ဖို့ နေရာရွှေ့နေရင်းလမ်းမှာ နစ်မြုပ်သွားခဲ့ပါတယ်။ဒီလိုမျိုးအထင်ကရ အမွေအနှစ်လို့တောင်ပြောနိုင်တဲ့ အရာကြီးတစ်ခုပျက်စီးဆုံးရှုံးသွားတာဟာ စားသောက်ဆိုင်မှာ အမှတ်တရတွေရှိသူတွေအတွက်သာမက နိုင်ငံသားတွေအတွက်ပါ ဆုံးရှုံးမှုအကြီးတစ်ခုလို့ပြောရမှာပါ။

ဂျမ်ဘိုလို့အမည်ရတဲ့ အဲ့ဒီစားသောက်ဆိုင်ကြီးကို ၂၀၂၀ ခုနှစ်က Covid-19 ကပ်ရောဂါကာလ အကြပ်အတည်းကြောင့် စပိတ်ခဲ့ရတာဖြစ်ပြီး ခုပြင်ဆင်ဖို့နေရာရွေ့ချိန် တောင်တရုတ်ပင်လယ်ထဲမှာနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။စားသောက်ဆိုင်ကိုပိုင်ဆိုင်တဲ့ အေဘာဒန်းစားသောက်ဆိုင်ကုမ္ပဏီက ဒီဖြစ်ရပ်အတွက် အရမ်းဝမ်းနည်းကြေကွဲရကြောင်း၊ဝန်ထမ်းတွေတော့ တစ်ယောက်မှဒဏ်ရာအနာတရမဖြစ်ခဲ့ကြောင်းပြောခဲ့ပါတယ်။နစ်မြုပ်သွားခဲ့တဲ့နေရာက မီတာတစ်ထောင်လောက်ရှိနေခဲ့တဲ့အတွက် ဘာမှလည်းမလုပ်နိုင်ခဲ့ဘူးလို့သိရပါတယ်။

နှစ်ပေါင်းများစွာအတွင်း နာမည်ကြီးတွေဖြစ်တဲ့ တွမ်ခရုစ်၊ကွင်းနဲ့ ရစ်ချတ်ဘရာဆန်တို့အပါအဝင် စားသုံးသူပေါင်း သုံးသန်းကျော်လောက်ဟာ အဲ့ဒီစားသောက်ဆိုင်ကို လာရောက်လည်ပတ်ဖူးကြပါတယ်။ဂျိမ်းဘွန်းစ်ရဲ့ ရုပ်ရှင်တစ်ကားထဲမှာတောင် ဒီစားသောက်ဆိုင်ကြီးပါဖူးပါသေးတယ်။

ဂျမ်ဘိုကိုCovid-19 ကြောင့်ပိတ်သိမ်းခဲ့ရတာဆိုပေမဲ့ အဲ့ဒီမတိုင်ခင်ကလည်း ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။