မျက်မမြင် ပရိသတ်တစ်ယောက်ရဲ့ အမြင်အာရုံကို ကုစားပေးခဲ့တဲ့ မက်ဆီ

//s9.kh1.co/07/072b486499f530f25104234ff4d9a8606e5a58d5.jpg
အားကစားသတင်းများ

 ၁၉-ဇွန်-၂၀၂၂ ၁၁pm · လွန်ခဲ့သော ၂ နှစ် က

လူတစ်ယောက်ရဲ့ အိမ်မက်ကို ဖြည့်ဆည်းပေးတာ လေးစားစရာပါ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

အာဂျင်တ‌ီးနားစူပါစတား မက်ဆီဟာ သူ့ရဲ့ပရိသတ်တစ်ဦးဖြစ်တဲ့ အမြင်အာရုံချို့တဲ့နေသူ Cristian Guglielmett ကို သူရဲ့အိမ်မက်တွေ ဖြည့်ဆီးပေးခဲ့ပါတယ်။ Cristian ဟာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ဘယ်စာကိုမဆို ဖတ်လို့ရတဲ့ ဉာဏ်ရည်တု အိတ်ဆောင် ကိရိယာစက်လေးကို မက်ဆီကို လှူဒါန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မက်ဆီဟာ မျက်မမြင်များနဲ့ အမြင်အာရုံချို့တဲ့‌ေနသူများရဲ့ ဘ၀ကို ပြောင်းလဲပေးနိုင်တဲ့ ခရီးဆောင်ကိရိယာကို ထုတ်ပေးသူ OrCam Technologies ရဲ့ နှစ်ရှည်သံတမန်တစ်ဦးဖြစ်ပါတယ်။ မက်ဆီဟာ သူ့ဆိကို လှူဒါန်းဖို့တောင်းဆိုလာတာကို မတွန့်ဆုတ်ပဲ ချက်ချင်းတုံ့ပြန်ခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/40/40b48a919e9fbc2661c67d7e8c8e7c1e58441996.jpeg
https://s9.kh1.co/__image/w=650,h=371,q=100/37/37f7e0bcbe6768c325ed2156f047992870436e0d.webp

စုစုပေါင်း ဒေါ်လာ 4000 ဝန်းကျင်တန်တဲ့ စက်ပစ္စည်းကို Cristian ဆီ ယခုလနှောင်းပိုင်းတွင် ရောက်ရှိရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။ စက်ပစ္စည်းအတွင်းမှ AI နည်းပညာကြောင့် Guglielmett အပါအဝင် အမြင်အာရုံပြဿနာများ အများဆုံးခံစားရသူများရဲ့ နေ့စဉ်ဘ၀ကို ကြီးမားစွာ တိုးတက်ပြောင်းလဲစနိုင်မှာပါ။ Rosario မှ ဒီအမျိုးသားဟာ အသက် 17 နှစ်အရွယ်မှာ မျက်စိကွယ်သွား‌ေပမယ့်လည်း ဥပဒေပညာကို ဆက်လက်သင်ယူခဲ့ပြီး တက္ကသိုလ်မှဘွဲ့ရပြီးနောက် စိန်ခေါ်မှုများကို အံတုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=371,q=100/eb/ebf29576053236e3f7d09eba3c3ac6f4f8c1b51a.webp
https://s9.kh1.co/__image/w=650,h=366,q=100/24/248c0ee7f69d558dc8fff2228472d2e04ee2207e.jpg

သိပ်မကြာခင် လမှာလည်း သူဟာ OrCam ကိရိယာရဲ့ အကူအညီနဲ့ ဥပဒေစာအုပ်များကို ပိုမိုလွယ်ကူစွာ ဘာသာပြန်ဆိုနိုင်တော့မှာပါ။ ဒီစက်ပစ္စည်းလေးထဲမှာဆုိရင် ပတ်ဝန်းကျင်ရဲ့ ပုံရိပ်ကိုဖမ်းယူနိုင်ပြီး သတင်းအချက်အလတ်များကို အသံဖြင့် ဆက်သွယ်ပေးပြီး မှန်ဘီလူးများနှင့် ပေါင်းစပ်ထားတဲ့ အဆင့်မြင့် အလင်းအာရုံခံကိရိယာတစ်ခု ပါဝင်ပါတယ်။ ပိုပြီးထူးခြားတာက အင်တာနက်ချိတ်ဆက်စရာမလိုပဲ အပြည့်အ၀လှုပ်ဆောင်နိုင်တာပါ။ ခုလို မက်ဆီဟာ ပရိသတ်တစ်ယောက်ဆီ ဒီကိရိယာကိုလှူဒါန်းဖူးတာ ပထမဆုံးမဟုတ်ပါဘူး။ 2020 တုန်းက မက်ဆီဟာ OrCam 'MyEye' စက်ပစ္စည်းအများအပြားကို ကမ္ဘာတစ်ဝှမ်းရှိ လူငယ်ပရိသတ်များအတွက် လက်ဆောင်ပေးခဲ့ပြီး အချို့ကိုတောင် လူကိုယ်တိုင်တွေ့ပြီး ပေးခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=407,q=100/ed/ed01bbd4d6899cc2bcb180fe1c8d023c2df1b550.jpg
https://s9.kh1.co/__image/w=650,h=434,q=100/92/92c58a0257be585df74ba953912be8c247fc9518.jpg

သတင်း အရင်းအမြစ်Ladbible

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T