နာမည်ကြီး ထိုင်းအပြာအကျော်အမော်နှင့် မော်ဒယ်တစ်ဦးတို့ဟာ ဇူလိုင် ၉ ရက်နေ့မှာ ဘန်ကောက်မွေထိုင်းပွဲမှာ အချင်းချင်း ထိုးကြိတ်ဖို့ စီစဉ်နေကြတယ်လို့ Thaiger သတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

အသက် ၃၇ နှစ်အရွယ် အပြာမယ်လုပ်ကိုင်ခဲ့တဲ့ တစ်လျှောက်မှာ Nong Natt လို့ လူသိများတဲ့ Kesarin Chaichalermpol ဟာ သူ့ရဲ့ လူမှုကွန်ပေါ်မှာ မွေထိုင်း အပြင်းအထန်လေ့ကျင့်နေတဲ့ ဗွီဒီယိုဖိုင်တွေကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

အပြာမင်းသမီး Nong Natt ဟာ သူရဲ့ Instagram မှာ Follower ၁.၃ သန်းရှိပြီး ပြိုင်ဘက်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် မော်ဒယ် Amee Maxim ကတော့ Facebook မှာFollower ၁ သန်းရှိတယ်လို့ ဆိုပါတယ်။


စူပါစတားနှစ်ဦးရဲ့ လက်ဝှေ့ကြိုးဝိုင်းပွဲဟာ လက်ဝှေ့နည်းပြ ဆရာ Kru Dam ရဲ့ ဆယ့်နှစ်နှစ်ပြည့် နှစ်ပတ် လည်မှာ ထိုးသတ်သွားမှာဖြစ်ပြီး အဲ့ဒီပွဲကို ဘန်ကောက်မြို့ Sukhumvit ၃၆ မှာရှိတဲ့ Kru Dam Gym ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ အပြာမင်းသမီး Nong Natt ဟာ ၂၀၀၄ ခုနှစ်မှာ ညစ်ညမ်းရုပ်ရှင် များစွာမှာ ပါဝင်ရိုက်ကူးမှုကြောင့် ဖမ်းဆီးခံရပြီး ဒဏ်ငွေရိုက်ခံရခြင်းတွေကနေမှ တဆင့် နာမည်ရလာခဲ့တာလို့ သိရပါတယ်။

