အမေရိကန် အလှကုန်ပစ္စည်းကုမ္ပဏီ Revlon ဟာ နှစ်ပေါင်း ၉၀ သက်တမ်းရှိတဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး လူကြိုက်များလှတဲ့ အလှကုန်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ Revlon တံဆိပ်က လက်သည်းဆိုးဆေးတွေနဲ့ နှုတ်ခမ်းနီတွေကြောင့် လူသိများခဲ့တဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။


Revlon ကုမ္ပဏီက များပြားလှတဲ့ အကြွေးတွေကြောင့် ကုမ္ပဏီ ဆက်လက် လည်ပတ်ဖို့ ခက်ခဲနေတာကြောင့် ဒေဝါလီခံဖို့ တရားရုံးကို လျှောက်ထားလိုက်ပြီလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။သက်တမ်း 90 ရှိပြီဖြစ်တဲ့ Revlon ကုမ္ပဏီဟာ ဗုဒ္ဓဟူးနေ့က တရားရုံးမှာ တရားရင်ဆိုင်ကာ ဒေါ်လာ 1 ဘီလီယံနဲ့ 10 ဘီလီယံကြားရှိ ပိုင်ဆိုင်မှုစာရင်းကို ဖော်ပြခဲ့ပါတယ်။


Revlon ကို ၁၉၃၂ ခုနှစ်က Charles ၊ Joseph Revson နဲ့ Charles Lachman ညီအစ်ကိုတွေက တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Revlon က မကြာသေးမီနှစ်တွေက Kylie Jenner's Kylie Cosmetics နဲ့ Rihanna's Fenty Beauty တိုလို နာမည်ကြီးကုမ္ပဏီတွေကို ကျောထောက်နောက်ခံပြုထားတဲ့ startup တွေအတွက် စင်နေရာနဲ့ အရောင်းတွေ ဆုံးရှုံးခဲ့ရပါတယ်။


ကိုဗစ် ကာလအတွင်း ပစ္စည်းများ ပြတ်တောက်မူနဲ့ ထောက်ပံ့မူများမလုံလောက်ခြင်း စတဲ့ပြသနာတွေက ဒေဝါလီခံရတဲ့အဓိကအချက်တွဖြစ်ပါတယ်။ ဒီကြားထဲ အပေါ်မှာပြောခဲ့တဲ့ အွန်လိုင်း ဈေးကွက် ချဲ့ထွင်ဖို ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီးတော့လည်း ဆုံးဖြတ်မူမှားယွင်းခဲ့တာဖြစ်ပါတယ်။

Source : CNBC News