အဓမ္မပြုကျင့်ခံရတာကို အွန်းလိုင်းကနေ ဝိုင်းအနိုင်ကျင့်ခဲ့ကြတာ‌ကြောင့် ကိုယ့်ကိုကိုသတ်သေခဲ့သူ ကောင်မလေး

//s9.kh1.co/52/52b0894650151ce18b1abef067c1da3c3a942791.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

ကောင်မလေးက အားပေးစကားမရတဲ့အပြင် အနိုင်ကျင့်ခံရတာပါ.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဆိုရှယ်မီဒီယာဟာ မီးနဲ့အတူတူပါပဲ။ မီးဆိုတာ သေချာအသုံးမပြုတတ်တဲ့အခါ လောင်ကျွမ်းကုန်တဲ့အထိ အန္တရာယ်ဖြစ်စေပါတယ်။ ခုဆိုရင်လည်း ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းဖြစ်တဲ့ Snapchat ကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ရပါတယ်။ သူမဟာ ဆေးလွန်ကဲမှုကြောင့် ဆေးရုံတွင် လေးည နေခဲ့ရပေမယ့် ဇွန်လ 12 ရက်နေ့တွင် သေဆုံးခဲ့ပါတယ်။ သူမနာမည်ကတော့ Semina Halliwell ဖြစ်ပြီး အမေဖြစ်သူ Rachel Halliwell က Liverpool အနီး Southport မှသူမရဲ့သမီးလေးဟာ အဓမ္မပြုကျင့်ခံရပြီးနောက် စိတ်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/52/52b6bc14ebbffe079968e3f8b9d4b67f69e29192.jpg
https://s9.kh1.co/__image/w=615,h=345,q=100/06/0607493a1f22a9546f85ab73bab098e9283d188a.jpg

"သမီးက Coma ဖြစ်သွားတာပါ။ မဖြစ်မှီ ကျွန်မကလေးပြောခဲ့တဲ့ နောက်ဆုံးစကားမှာ သူမဟာ အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတာပါပဲ " လို့ အမေဖြစ်သူကဆိုပါတယ်။ " သူမက တိုက်ခိုက်ရေးသမားတစ်ယောက်ပါ။ နှလုံးဖောက်ခြင်းကနေ (၃) ကြိမ်တောင် လွတ်မြောက်ခဲ့တဲ့ထိ တိုက်ခိုက်ခဲ့တာပါ။ သူမရဲ့ အပျိုစင်ဘဝကိုအဓမ္မ ယူခံရပြီးနောက်၊ Semina ဟာ နေ့စဉ်နေ့တိုင်း အွန်လိုင်း‌ပေါ်မှာ အနိုင်ကျင့်ခံခဲ့ရပါတယ်။ နောက်ဆုံး သူမ မခံနိုင်တော့ပါဘူး" လို့ Rachel က ဆိုပါတယ်။ Rachel ဟာ Semina သေဆုံးပြီးနောက် သူမရဲ့ တိုတောင်းတဲ့ အသက်တာကိုဂုဏ်ပြုရန် လူတိုင်းကိုဖိတ်ခေါ်‌ကြောင်း အစောပိုင်းတွင်ပြောခဲ့‌ပေမယ့်လည်း နောက်ပိုင်းတွင်သူမဟာ ကြောက်စရာကောင်းတဲ့ မက်ဆေ့ခ်ျအချို့ကိုရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=770,q=100/6e/6e3cc7da0b8c2c353513c9515af97790dfc15c35.jpg
https://s9.kh1.co/__image/w=615,h=545,q=100/82/822b441c20b3a231bfc5c60e8620591d35b0f6a7.jpg

ဒါကြောင့် ဈာပနအခမ်းအနားသို့ ရဲအရာရှိများ တက်ရောက်ခဲ့ကြပြီး အခင်းဖြစ်ပွားခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သမီးဖြစ်သူအား ဖော်ပြတဲ့အားဖြင့် Rachel က "Semina က အရမ်းလှပြီး ရယ်စရာကောင်းတယ်။ သီချင်းဆိုကခုန်ရတာကို ကြိုက်တယ်။ ပြောမပြတတ်အောင် အသည်းကွဲနေရပါတယ်။ ကျွန်မနှလုံးသားထဲမှာ ဘယ်တော့မှ မဖြည့်နိုင်တဲ့ ကွက်လပ်တစ်ခုရှိလို့နေပါပြီ" လို့ပြောပြခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ UK မှာဖြစ်ပွားခဲ့ပြီး အဲ့လိုခေတ်မှီတိုးတက်တဲ့နိုင်ငံမှာတောင် အခုလိုဖြစ်နေရင် တိုးတက်နေဆဲနိုင်ငံတွေမှာ ပိုမိုပြီး အထူးဂရုစိုက်သင့်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ဒီလိုအဖြစ်မျိုး ကြုံရတဲ့သူတွေရှိရင်လည်း ဖေးမကူညီသင့်ပါတယ်။

https://s9.kh1.co/__image/w=615,h=409,q=100/0b/0bcd321c077a8ab0238663b6ebcf8c23468d0205.png
https://s9.kh1.co/__image/w=650,h=650,q=100/b0/b07c2fdd561361e1ad8df15c1ac540a2c2528088.png

သတင်း အရင်းအမြစ် Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T