ဧည့်သည်တွေရှေ့မှာ သတို့သမီးကို မကျေနပ်မှုနဲ့ ထိုးခဲ့တဲ့ သတို့သား

//s9.kh1.co/82/82eb78738e4891f3938445c2f01a902a4113b773.jpg
နေ့စဉ်သတင်းများ

 ၁၄-ဇွန်-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

တော်တော်ကို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းပါပဲ.......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

သတို့သားတစ်ဦးဟာ မင်္ဂလာဧည့်ခံပွဲမှာ ဂိမ်းတစ်ခုရှုံးပြီးနောက် ဇနီးဖြစ်သူကို ထိုးလိုက်မှုကြောင့် ဧည့်သည်များကို အံ့အားသင့်စေခဲ့ပါတယ်။ ပွဲမှာဆိုရင် ဧည့်သည်တစ်ဦးမှ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွင် ချစ်သူနှစ်ဦးနှင့်အတူ LED မီးအလှဆင်ထားတဲ့ စင်မြင့်ပေါ်တွင် လက်ထပ်တော့မယ့် ဇနီးမောင်နှံကို မြင်တွေ့ရပါတယ်။ သတို့သမီးနှင့်သတို့သားဟာ ဧည့်သည်များရှေ့မှာ ဂိမ်းတစ်ခုကို လျင်မြန်စွာ ဆော့ကစားခဲ့ကြပါတယ်။ နိုင်သွားတဲ့သတို့သမီးက အောင်ပွဲခံရန် လက်ကို မြှောက်လိုက်တဲ့အခါ ခင်ပွန်းသည်က သူ့ကိုကြည့်ပြီး လက်ကို နောက်မှ မြှောက်လိုက်ပါတယ်။

https://s9.kh1.co/__image/w=615,h=339,q=100/ed/edaacee829df5452dad4ef9f647cb67fd50b5c38.jpg

ဒါပေမယ့် သူစိတ်ဆိုးသွားပြီး ချက်ချင်းပဲ သတို့သမီး ခေါင်းကို ထိုးလိုက်ပြီး သတို့သမီးနဲ့ ဧည့်သည်တွေကို တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ စိတ်ပျက်နေတဲ့သတို့သမီးကို အမျိုးသမီးနှစ်ယောက်က စင်အောက်ကို ခေါ်ဆောင်သွားပြီး သတို့သားအရံကတော့ အသံတိတ်နေပြီး စိတ်ရှုပ်စွာနဲ့ သတို့သားဘေးမှာ ဖုန်းသုံးနေခဲ့ပါတယ်။ မင်္ဂလာဆောင်ပွဲကို ဥဇဘက်ကစ္စတန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ရိုက်ကူးရေး ရပ်နားပြီးနောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ ဒါက မိဘတွေ ပေးစားတဲ့ အိမ်ထောင်ရေး ဟုတ်မဟုတ်တော့ မသိရသေးပါဘူး။

https://s9.kh1.co/__image/w=650,h=348,q=100/d8/d8ac86c1d33f974c0d6d147fd608545044ffec40.jpg
https://s9.kh1.co/__image/w=615,h=338,q=100/94/948fa0221e0e8debe4d6be82826f9835529c5a45.jpg

ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီးနောက် ဆိုရှယ်မီဒီယာပေါ်မှ ကြည့်ရှုသူများက စိတ်တိုဒေါသတွေ ထွက်ခဲ့ကြပါတယ်။ တစ်ဦးက "'ဒါက အရမ်းဝမ်းနည်းစရာကောင်းတယ်။ သတို့သမီးအနေနဲ့ သူ့ကို စွဲချက်တင်ဖို့ သတ္တိရှိဖို့နဲ့ သူ့လုပ်ရပ်အတွက် သူ့ကို တာဝန်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဒုတိယတစ်ယောက်က “ဒီကြောက်စရာကောင်းတဲ့လူကို အရှက်ရအောင် အင်တာနက်မှာ ထွက်လာတာကောင်းပါတယ်။ ဒါပေမယ့် သူနဲ့ဝေးရာကို ရုန်းထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကို သူ့မိဘတွေက ဘယ်လိုမြင်လဲ။ သူက မာဖီးယားဂိုဏ်းကလား ဘာလဲ? ဘယ်လောက်ကြောက်စရာကောင်းလိုက်လဲ!" လို့ရေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/cd/cd803b8a9966354583e817b592b0c33fc5a46e80.jpg

နိုင်ငံမှာ မိဘပေးစားပြီး လက်ထပ်ထိမ်းမြားမှု သမိုင်းကြောင်းရှိပေမယ့် ဒီနေ့ခေတ်မှာတော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် နိုင်ငံတွင်းက သတို့သားက သူ့ရဲ့ဇနီးသစ်ကို ကြိမ်းမောင်းတဲ့ ဗီဒီယို ထွက်ပေါ်လာတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အလားတူဖြစ်ရပ်မျိုး 2019 ခုနှစ်တွင်လည်း သတို့သားတစ်ဦးဟာ သူ့ရဲ့မင်္ဂလာဆောင်ကိတ်မုန့်ကို ယူသွားဟန်ဆောင်တဲ့ သတို့သမီးကို စိတ်တိုဒေါသထွက်ခဲ့ပါတယ်။ ဒါကြောင့် သတို့သားဟာ သတို့သမီးကို ပြင်းထန်စာ ရိုက်နှက်ခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=634,h=347,q=100/04/047fb1c702aa6f0b880a906c17c15f028058d5fb.webp

သတင်း အရင်းအမြစ် Daily Star

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T