ဇာတ်ဝင်ခန်းအသစ်တွေနဲ့ နောက်တစ်ခေါက်ရုံပြန်တင်မယ့် Spider-Man:No Way Home

//s9.kh1.co/ba/ba6d0c8c34d9ece820f58c8016e5a06c18d9c41a.jpg
နေ့စဉ်သတင်းများ

 ၁၃-ဇွန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ဇာတ်ဝင်ခန်းအသစ်တွေရော၊ထပ်တိုးထားတဲ့အဟောင်းတွေရော အများကြီးတွေ့ရမှာပါတဲ့

၂၀၂၁ တစ်နှစ်လုံးမှာ နာမည်ကြီးခဲ့ပြီး ထွက်လာချိန်မှာလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့လို့ အရမ်းအောင်မြင်ပြီး ဝင်ငွေအဝင်အကြမ်းဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့တဲ့ Spider-Man:No Way Home ကိုလာမဲ့စက်တင်ဘာလ ၂ ရက်နေ့မှာ ပြန်လည်ရုံတင်ပြသတော့မှာပါ။ဒီတစ်ခေါက်ရုံတင်ပြသမယ့် ဗားရှင်းမှာ အရင်ပါပြီးသားဇာတ်ဝင်ခန်းတွေကို အချိန်ပိုတိုးပေးသွားမယ့်အပြင် ဇာတ်ဝင်ခန်းအသစ်တွေပါ ထပ်ထည့်ပေးသွားမယ်လို့သိရပါတယ်။

အဲ့ဒီဗားရှင်းကို Marvel က “ပိုပျော်စရာကောင်းတဲ့ဗားရှင်း”လို့အမည်ပေးထားပြီး Spider-Man ရုပ်ပြဇာတ်ကောင်နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်ပေးတာပါ။ဒီနှစ်ဟာ ပထမဆုံး Spider-Man ရုပ်ရှင်ကို တိုဘီမက်ဂွိုင်းယားနဲ့ရိုက်ကူးခဲ့တာ နှစ် ၂၀ ပြည့်ချိန်လည်းဖြစ်ပါတယ်။Spider-Man:No Way Home ဟာဘယ် Spider-Man ရုပ်ရှင်နဲ့မှမတူခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=325,q=100/cb/cb22a943f10411771ad322f8518c7995ab945c7a.png

အဓိကကတော့ Spider-Man အဖြစ်သရုပ်ဆောင်ခဲ့ဖူးတဲ့ တိုဘီမက်ဂွိုင်းယား၊အန်ဒရူးဂါဖီနဲ့ တွမ်ဟိုလန်တို့သုံးယောက်စလုံးကို Spider-Man သုံးကောင်အဖြစ်နဲ့ မြင်တွေ့ခဲ့ရတဲ့အပြင် Spider-Man ရဲ့ဗီလိန်ကြီးတွေကိုပါ အများကြီးတွေ့ခဲ့ရတာကြောင့်ပါ။အဲ့လိုဇာတ်ကားမျိုးကိုမှ တကယ့်အထိမ်းအမှတ်အချိန်ကြီးမှာ ဗားရှင်းတစ်ခုနဲ့ထပ်ထုတ်မယ်ဆိုတော့ Spider-Man ပရိသတ်တွေအတွက် ပျော်စရာကြီးပေါ့။

https://s9.kh1.co/__image/w=650,h=325,q=100/a7/a70414ae152c74e04a10bef0e6f8eb35d0595971.png

လက်မှတ်တွေကိုတော့ လာမဲ့ ဩဂတ်စ်လ ၉ ရက်နေ့မှာစတင်ရောင်းချမယ်လို့ Marvel ကထုတ်ပြန်ထားပါတယ်။မကြာခင်မှာလည်း နိုင်ငံပေါင်းများစွာမှာ ဘယ်အချိန်ပြသမလဲဆိုတာ ကြေညာမှာပါ။No Way Home ရုံတင်ချိန်တုန်းက ရုပ်ရှင်ရုံမှာမကြည့်လိုက်ရသူတွေအတွက် ဒီတစ်ခေါက်ကရုံမှာပြန်ကြည့်ရဖို့ အခွင့်အရေးဖြစ်လာမှာပါ။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T