ဒေဝါလီခံတော့မယ့် နှုတ်ခမ်းနီတို့ရဲ့ ဘုရင် Revlon

//s9.kh1.co/53/537ba818ab66daca2d72e61fc1ec719584532640.jpg
နေ့စဉ်သတင်းများ

 ၁၁-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကုမ္မဏီရဲ့ ရှယ်ယာတွေဟာလည်း ၄၇% အထိကျဆင်းနေပြီး...

ရပ်ဗလွန် လို့ပြောလိုက်ရင် အလှအပ စိတ်၀င်စားတဲ့လူတော်တော်များများ သိကြမှာပါ။ အခုဆိုရင် နာမည်ကြီး မိတ်ကပ်နဲ့ နှုတ်ခမ်းနီကုမ္ပဏီကြီးဖြစ်တဲ့ Revlon ဟာဒေဝါလီခံရတော့မယ့် အခြေအနေရှိနေပြီလို့ Wall Street သတင်းစာကြီးက ဖော်ပြလာပါတယ်။ 

နယူးယောက်က ရပ်ဗလွန်
နယူးယောက်က ရပ်ဗလွန်

ရပ်ဗလွန် ဟာ အကြွေး ဒေါ်လာသန်း ၃ထောင်ကျော်တင်နေခဲ့တာကြောင့် လွန်ခဲ့တဲ့အပတ်ကစပြီး သူတို့ရဲ့ အကြွေးရှင်တွေနဲ့ စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။ ကုမ္မဏီရဲ့ ရှယ်ယာတွေဟာလည်း ၄၇% အထိကျဆင်းနေပြီး ကုမ္ပဏီကို ဒေဝါလီခံပြီး စာရင်းရှင်းလင်း‌ဖျက်သိမ်းဖို့ စဉ်းစားနေကြပါတယ်။

အရည်အသွေး ကောင်းလွန်းတဲ့ နှုတ်ခမ်းနီ
အရည်အသွေး ကောင်းလွန်းတဲ့ နှုတ်ခမ်းနီ

ကမ္ဘာတစ်ဝှမ်းမှာ ကိုဗစ်စည်းမျဉ်းတွေဖြေလျော့လာတာကြောင့် လူတွေ အပြင်ပြန်ထွက်လာကြကာ မိတ်ကပ်ပစ္စည်းများဝယ်လိုအားလည်း ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း online ကနေရောင်းချတဲ့ အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်လာရတဲ့အခါ Revlon ဟာ ၀ယ်လိုအားကျဆင်းလာပြီး ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲဖြစ်လာကြောင်း မတ်လက တရား၀င်ပြောကြားခဲ့ပါတယ်။ 

ရပ်‌‌‌ဗလွန်
ရပ်‌‌‌ဗလွန်

Revlon ဟာ  ၁၉၃၂ ခုနှစ် ကတည်းကစတင် တည်ထောင်ခဲ့တဲ့ အမေရိကန် အခြေစိုက် မိတ်ကပ်၊ skincare နဲ့ နှုတ်ခမ်းနီ ပစ္စည်းများ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီဖြစ်ပြီး အရေးအသွေးကောင်းမွန်ကာ လူကြိုက်များတဲ့ brand လည်းဖြစ်ပါတယ်။

Photo-credit

သတင်း အရင်းအမြစ် Reuters

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T