သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေးမေမေရဲ့ နာရေး ရက်လည်ဆွမ်းသွတ် ပုံရိပ်များ

//s9.kh1.co/e2/e2cd7a4b9d87a02275565dd8ab903cb266a22faf.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၂ ၈pm · လွန်ခဲ့သော ၂ နှစ် က

မိခင်ကို သတိရလွမ်းဆွတ်မှုတွေနဲ့ ငိုကြွေးနေရှာတာ .. လောကဓံက အရွယ်နဲ့တောင်မလိုက်ဘူး ...

မကြာသေးမီက လူမှုကွန်ယက်ထက်မှာ စကားအမြန်ပြောပြီး သရက်ကင်ရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ Video ဖိုင်က နာမည်ကြီးနေတာကို ပရိသတ်တွေလည်း သတိထားမိမယ်ထင်ပါတယ်။ သူမကတော့ သမန်းကုန်းရွာမှာနေထိုင်ပြီးတော့ အသက် (၁၀) အရွယ်သာရှိသေးတဲ့ မအေးချမ်းမေ ခေါ် ဂျမ်းတောလေးပဲ ဖြစ်ပါတယ်။ ဂျမ်းတောလေးက စိတ်မရှည်တာကြောင့် စကားကိုအမြန်ပြောရင်းကနေ အဲ့လိုအမြန်ပြောတတ်တဲ့ပါရမီကြောင့် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဂျမ်းတောလေးမှာ မွေးချင်းမောင်နှမ (၁၀)ယောက်ရှိပြီး မောင်နှမတွေအားလုံးက ဂျမ်းတောလေးက သရက်ကင်ရောင်းရင်းရှာဖွေ ကျွေးနေတာဖြစ်ပါတယ်။ အသက်မပြည့်သေးဘဲ ဝမ်းရေးကို ခက်ခက်ရှာဖွေနေရတဲ့အတွက် ပရိသတ်တွေကလည်း ဂရုဏာသက်နေကြတာပဲ ဖြစ်ပါတယ်။ ဂျမ်းတောလေးရဲ့ အမေဖြစ်သူကလည်း ကျောက်ကပ်ရောဂါနဲ့ မကြာသေးခင်ရက်ပိုင်းလေးကပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီနေ့လေးမှာတော့ ဂျမ်းတောလေးရဲ့ မိခင် နာရေး ရက်လည်ဆွမ်းသွတ် တရားနာကို သူမတို့ရဲ့ နေအိမ်မှာပဲ ပြုလုပ်ခဲ့ကြပါတယ်။ ဂျမ်းတောမလေးခမျာ မိခင်ကိုသတိရလွမ်းဆွတ်မှုတွေကြောင့် ငိုကြွေးခဲ့ရှာပါတယ်။ ဂျမ်းတောလေးရဲ့ မေမေလည်း ကောင်းရာ ဘုံဘဝကိုရောက်ရှိသွားနိုင်ပါစေ ....

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Cele Only 
Photo Credit : Cele Only 
Photo Credit : Cele Only 
Photo Credit : Cele Only 
Photo Credit : Cele Only 
Photo Credit : Cele Only 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T