အရွယ်မရောက်သေးတဲ့ မူကြို ကလေးလေးတွေကို လူမဆန်စွာနှိပ်စက်ခဲ့တဲ့ ဆရာမ ၂ ဦး

//s9.kh1.co/a0/a02a5989e75d32e68b621fe363ac93ec9cd8dd71.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကိုယ်ပို့လိုက်တဲ့ကျောင်းက တကယ်စိတ်ချရရဲ့လား ဆိုတာကိုတော့သေချာ စုံစမ်းထားသင့်ပါတယ်...

အခုနောက်ပိုင်း လူကြီးတွေက အလုပ်ကိုယ်စီနဲ့မအားကြတော့ ကလေးတွေကို မူကြိုတွေ၊ နေ့ကလေးထိန်းကျောင်းတွေ ပို့ထားတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ပို့လိုက်တဲ့ကျောင်းက တကယ်စိတ်ချရရဲ့လား ဆိုတာကိုတော့သေချာ စုံစမ်းထားသင့်ပါတယ်။ အတ္တလန်တာ မြို့လယ်ကောင်က မူကြိုကျောင်းက ဆရာမနှစ်ဦးဟာ ကလေးငယ်များအား ညှင်းပန်းနှိပ်စက်မှုကို ကျောင်းထဲက CCTV ကင်မရာကနေ တွေ့ရပြီးတဲ့နောက် အာဏာပိုင်များက ကလေးငယ်များကို ညှင်းပန်းနှိပ်စက်မှုဖြင့် ဖမ်းဆီး အရေးယူလိုက်ပြီဖြစ်ပါတယ်။

ကလေးတွေကို နှိပ်စက်ခဲ့တဲ့ မူကြိုဆရာမ‌
ကလေးတွေကို နှိပ်စက်ခဲ့တဲ့ မူကြိုဆရာမ‌

ဂျော်ဂျီယာ၊ Roswell ရှိ Parker-Chase မူကြိုကျောင်းမှ သက်ဆိုင်ရာမိဘတစ်ဦးက ပြီးခဲ့တဲ့အပတ်က ရဲထံ တိုင်ကြားပြီးတဲ့နောက် Zeina Alostwani၊ 40 နှစ်နဲ့ Soriana Briceno 19 နှစ်တို့ကို တနင်္လာနေ့မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း Roswell ရဲဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မိဘများက ၎င်းတို့ရဲ့ ကျောင်းရှိ ကင်မရာစနစ်သို့ ဝင်ရောက်ခဲ့ပြီး Alostwani နှင့် Briceno အကြား စာသင်ခန်းအတွင်းရှိ ကလေးအများအပြားကို ကြမ်းတမ်းတဲ့ ရုပ်ပိုင်းဆိုင်ရာ အပြုအမူများကို မျက်မြင်တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကလေးကို ခြေထောက်နဲ့ ကန်တဲ့ မူကြိုဆရာမ
ကလေးကို ခြေထောက်နဲ့ ကန်တဲ့ မူကြိုဆရာမ

စက္ကန့် 80 လောက် ရှည်တဲ့ ရဲဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုကလစ်မှာ စာသင်ခန်းအတွင်း ကြမ်းပြင်မှာ ထိုင်နေတဲ့ ကျောင်းသားတစ်စုကို မြင်ရပြီး ဗီဒီယိုထဲက ၁၆ စက္ကန့်လောက်မှာ အမျိုးသမီးတစ်ဦးဟာ ကလေးတစ်ဦးကို နောက်ကျောကို ဆောင့်ကန်နေတာကို မြင်တွေ့ရပြီး အခြားဆရာမက ကလေး၏ဦးခေါင်းကို ကိုင်စောင့်နေတာကိုတွေ့ရပါတယ်။

ကလေးတွေကို ဆံပင်စောင့်ဆွဲတဲ့ မူကြိုဆရာမ
ကလေးတွေကို ဆံပင်စောင့်ဆွဲတဲ့ မူကြိုဆရာမ

အခုဖြစ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုပ်ချနေကြပြီး ကလေးမိဘတွေက အဲ့ဒီဆရာမနှဦးကို ထုတ်ပစ်ဖို့တောင်းဆိုနေကြကာ နောက် အဲ့ဒီ မူကြိုကျောင်းမှာထားဖို့ကို ဝန်လေးနေကြပါတယ်။ အခုအချိန်ထိတော့ ကျောင်းဘက်ကရော ဆရာမတွေရဲ့ ရှေ့နေတွေဘက်ကပါ မှတ်ချက်ပေးဖို့ ငြင်းဆိုထားကြပါတယ်။

Photo-credit

သတင်း အရင်းအမြစ် CNN

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T