အိန္ဒိယနိုင်ငံရှိ မိခင်တစ်ဦးဟာ သူ့ရဲ့ ငါးနှစ်အရွယ်သမီးငယ်အား ကျောင်းစာမပြီးပြတ်တဲ့အတွက် ရက်စက်စွာ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ Class 1 ကျောင်းသူလေးဟာ ကြိုးဖြင့် ရက်ရက်စက်စက် ချည်နှောင်ခံရပြီး ဒေလီမြို့ ခါဂျူရီခါ့စ် ဧရိယာ ပူပြင်းတဲ့ အပူရှိန်တွင် သူတို့ရဲ့ အိမ်ခေါင်မိုးပေါ်မှာ စွန့်ပစ်ခံခဲ့ရပါတယ်။ အိမ်နီးနားချင်းတစ်ဦးမှ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့စွာ မျှဝေခဲ့ပြီး သနားစရာကောင်းတဲ့ ကလေးမလေးဟာ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်ကြောင့် ရင်တထိတ်ထိတ်ဖြင့် တုန်တုန်ယင်ယင်ဖြစ်နေပါတယ်။ သူမရဲ့ လက်နှစ်ဖက်ကို ကျောနောက်သို့ ချည်နှောင်ကာ ခြေကျင်းဝတ်များတွင် ချည်နှောင်ထားတာကို မြင်တွေ့ရပါတယ်။ .

အဆိုပါ ဖြစ်ရပ်ဟာ ဇွန်လ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးက ပြောကြားခဲ့ပြီး မိန်းကလေးရဲ့ မိခင်က သူ့အား အပြစ်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ မိန်းကလေးရဲ့ ဖခင်ဖြစ်သူက သူဟာ အပြစ်ပေးရာတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။ အဲ့ချိန်တုန်းက သူဟာ စက်ဘီးပြင်ဖို့ အပြင်ထွက်နေတာဖြစ်ပြီး သူ့အဖေက သူ့မိန်းမ ဘာလုပ်လဲဆိုတာကို ဖုန်းဆက်ပြောတော့မှ သိရှိခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့သမီးကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးပြီး အိမ်ကိုပြန်သင့်တယ်လို့ ကျွန်တော့်အဖေဆီကနေ ဖုန်းဝင်လာလို့ သိရပါတယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ အဖေက သူအိမ်ရောက်လာချိန် လှေကားထစ်မှာ ကြိုးချည်ထားတဲ့ မိန်းကလေးကို တွေ့တော့ လွှတ်ပေးလိုက်တယ်လို့ အဖေက ပြောပါတယ်။ ကျွန်တော်မိန်းမ ဒေါသထွက်ပြီး သမီးကို အပြစ်ပေးတယ်။ အဖေက အဲဒီနေ့က ကျွန်တော့်မိန်းမကို အများကြီး ကြိမ်းမောင်းခဲ့တယ်၊ ဒါပေမယ့် နောက်နေ့ကျတော့ ကျွန်တော်တို့ ရွာက ဆွေမျိုးတစ်ယောက်က ဗီဒီယိုပို့တော့ ကျွန်တော့်မိန်းမကို ထပ်ပြီး ကျွန်တော်က ကြိမ်းမောင်းတယ်။”

ထိတ်လန့်ထိတ်လန့်ဖွယ်ရာ ဗီဒီယိုကို ကြည့်ရှုသူများဟာ လူမှုမီဒီယာပေါ်သို့ တင်ခဲ့ကြပြီး Twitter အသုံးပြုသူတစ်ဦးက “ဒါဟာ တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။ တာဝန်ရှိတဲ့သူကို နမူနာအနေနဲ့ ထုတ်ပြန်ရမယ်။ အပူရှိန်ပြင်းပြင်းမှာ တွန့်လိမ်နေတဲ့ ဆင်းရဲသားကလေးက ကြည့်ရတာ နာကျင်စရာပါပဲ။” ဒုတိယတစ်ယောက်က “ ကျွန်တော် ဒီဗီဒီယိုကိုကြည့်တဲ့အခါ နှလုံးကြေကွဲရပါတယ်။” အသုံးပြုသူတစ်ဦးက ဒေလီရဲမင်းကြီး Rakesh Asthana နှင့် အမျိုးသမီးရေးရာ ဒေလီကော်မရှင်အကြီးအကဲ Swati Maliwal တို့ကို Tag တွဲပြီး “ဒါက ကြောက်စရာကောင်းတယ်။ ဒါကို ချက်ချင်း အရေးယူပါ။" လို့ပြောခဲ့ပါတယ်။

Delhi woman ties daughter on roof in scorching heat for not doing homework. Listen in to what @BrindaAdige, Activist has to say.
— IndiaToday (@IndiaToday) June 8, 2022
Also, Swati Maliwal (@SwatiJaiHind), Chairperson, DCW told India Today that the minor has been rescued.#7at7 | @PreetiChoudhry pic.twitter.com/lD4Kr9v56d
သတင်း အရင်းအမြစ်៖ Daily Star