One Piece Live Action အတွက် သင်္ဘောအကြီးကြီးတွေကို Netflix ကတကယ်တည်ဆောက်ထား

//s9.kh1.co/df/df69c77304fed202666281d137934a9545f99488.jpg
ဖျော်ဖြေရေးများ

 ၀၇-ဇွန်-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

သင်္ဘောတွေကို တကယ်အသေးစိတ်ကျကျတည်ဆောက်ထားတယ်လို့ ရှိုးစီစဥ်သူတွေပြောစကားအရ သိရပါတယ်

One Piece ဟာ Anime မှာတင်မကပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့တွက်ရင်တောင် အကြီးဆုံးနဲ့ အအောင်မြင်ဆုံး Franchise တွေထဲကတစ်ခုပါ။Manga ဖန်တီးရှင် Eiichiro Oda ဖန်တီးထားတဲ့ One Piece ဟာစထွက်ကတည်းက ရောင်းအားအကောင်းဆုံး Manga တစ်ခုဖြစ်ပြီး ခုချိန်ထိလည်းအောင်မြင်မှုကို အကြီးအကျယ်ဆက်လက်ထိန်းသိမ်းထားနိုင်ပါသေးတယ်။

Netflix Live Action အကြောင်း One Piece ဖန်တီးသူရဲ့ထုတ်ပြန်ချက်
Netflix Live Action အကြောင်း One Piece ဖန်တီးသူရဲ့ထုတ်ပြန်ချက်

ဒီလိုမျိုးအရမ်းနာမည်ကြီးတဲ့ Anime ဇာတ်လမ်းတွဲကို ထုံးစံအတိုင်း Netflix ကလက်လွှတ်မခံပါဘူး။Netflix ဟာ ၂၀၂၁ ခုနှစ်ကတည်းက Netflix က One Piece ကို Live Action ပြန်ရိုက်မယ်လို့စီစဥ်ခဲ့ပြီး သရုပ်ဆောင်တွေတောင်ရွေးပြီးနေပါပြီ။One Piece ဇာတ်လမ်းတွဲထဲမှာအရေးအကြီးဆုံး နောက်တစ်ခုက Luffy တို့ရဲ့သင်္ဘောကြီးပါ။Netflix ကအဲ့ဒါကြီးကိုတည်ဆောက်ချိန်မှာလုံးဝ အသုံးစရိတ်ချွေတာတာမရှိပဲ သင်္ဘောအစစ်အကြီးကြီးကိုတည်ဆောက်ခဲ့ပါတယ်။ရိုက်ကူးရေးတွေဘာတွေမစသေးပေမဲ့ Netflix ကအဲ့ဒီသင်္ဘောကြီးကို ထုတ်ကြွားလာပါပြီ။

The Going Marry
The Going Marry
Baratie 
Baratie 

ရိုက်ကူးရေးကို စီစဥ်သူနှစ်ယောက်ဖြစ်တဲ့ Steve Maeda နဲ့ Matt Owens တို့နှစ်ယောက်ဟာ Straw Hat ရဲ့  The Going Marry ပင်လယ်ဓားပြသင်္ဘောကြီးနဲ့ ငါးခေါင်းပုံသင်္ဘော Baratie တို့ကို Video တစ်ခုနဲ့ထုတ်ကြွားလာတာပါ။Netflix ကတင်ခဲ့တဲ့အဲ့ဒီ Video မှာ Luffy အဖြစ်သရုပ်ဆောင်မဲ့ Inaki Godoy ကိုလည်း သူတို့နဲ့အတူတူတွေ့ရပါတယ်။Time lapse ရိုက်ပြထားတဲ့ အဲ့ဒီ Video ထဲမှာ သင်္ဘောကြီးကို အလုပ်သမားတွေအများကြီးနဲ့ စည်စည်ကားကားလှလှပပ တည်ဆောက်ထားတာကိုတွေ့ရပါတယ်။ဒါဟာ One Piece Live action နဲ့ပတ်သက်လို့ပထမဆုံးသိရတဲ့ BTS တွေဖြစ်ပါတယ်။

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T