ရွေ့လျားနေတဲ့ ထရပ်ကားများရှေ့ ခုန်ချခြင်းဟာ ဆိုရှယ်မီဒီယာတွင် အလွန်အမင်း နာမည်ကြီးနေပြီး ဒီလို ရူးသွပ်ခြင်းဟာ အင်ဒိုနီးရှားရှိ ဆယ်ကျော်သက်အချို့အတွက် အသက်ဆုံးရှုံးစေနိုင်ပါတယ်။ စိန်ခေါ်မှုကို 'challenge malaikat maut' (the Angel of death challenge) လို့ လူသိများပြီး အန္တရာယ်ရှိလှတဲ့ ဒီစိန်ခေါ်မှုဟာ အရှေ့တောင်အာရှနိုင်ငံတစ်ဝှမ်းတွင် ဖမ်းစားလျက်ရှိပြီး အချို့သော လူအချို့အတွက် ဆိုးရွားတဲ့ အကျိုးဆက်များဖြစ်စေခဲ့ပါတယ်။ အသက် 18 နှစ်အရွယ် အမျိုးသားတစ်ဦးဟာ Tangerang၊ Banten တွင် သူနဲ့ သူငယ်ချင်း နှစ်ယောက်ဟာ အကြီးစားကုန်တင်ယာဉ်ရှေ့ကို ခုန်ချကာ ကားသမားကို ရပ်တန့်ရန် ကြိုးပမ်းစဉ် ချက်ချင်းပင် သေဆုံးသွားခဲ့ပါတယ်။


သူရဲ့ အပေါင်းအပါများဟာ ယာဉ်ကို ရှောင်တိမ်းကာ ဒဏ်ရာရရှိခဲ့ကြပေမယ့်လည်း သူကတော့ ထရပ်ကားနှင့် တိုက်မိကာ ကားအောက်ကိုရောက်သွားပြီး အကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ ယာဉ်မောင်းအား စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားကြောင်း သိရပါတယ်။ ထိုအတောအတွင်း၊ အနောက်ဂျာဗားပြည်နယ်၊ ဘန်ဒေါင်းတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာလည်း အလားတူစိန်ခေါ်မှုကို ပြုလုပ်ခဲ့ပြီးနောက် ဦးခေါင်းအရိုးနဲ့သွားများ ကြေသွားခဲ့ပါတယ်။

ရဲတွေကတော့ ကားမောင်းသမားကို ရှာဖွေနေတုန်းပါ။ ဒေသခံတွေဟာ ဆယ်ကျော်သက်တွေကို မိုက်မဲစွာပြုလုပ်ပြီး အသက်အန္တရာယ်မဆုံးရှုံးအောင် ကြိုးပမ်းနေကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီစိန်ခေါ်မှုကို အောင်မြင်နိုင်မယ့်ပုံအဆင့်ဆင့်မှာ ပြုလုပ်မယ့်သူဟာ သွားနေတဲ့ ထရပ်ကားရှေ့ခုန်ပြီး လူကိုမထိခင် ရပ်နိုင်အောင် ပြလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး Trend တွေဟာ လူငယ်တွေအနေနဲ့ မပြုလုပ်တာ အကောင်းဆုံးပါပဲ။

သတင်း အရင်းအမြစ်៖ Daily Star