ရိုက်ကူးရေးအတွင်းက ဝန်ထမ်းတွေရဲ့ ရိုင်းပျတဲ့စကားလုံးကြောင့် ပြန်လည်တောင်းပန်ခဲ့တဲ့ “Squid Game 2”

//s9.kh1.co/88/8812836951a1305801261f89438291e83707a688.jpg
ရုပ်ရှင် အညွှန်း

 ၁၂-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

ပရိသတ်တွေကို တော်တော်ဂရုစိုက်ပေးနေတာ..

“Squid Game 2” ဟာ မကြာသေးခင်က လေဆိပ်တစ်ခုမှာပြုလုပ်ခဲ့တဲ့ ရိုက်ကူးရေးနဲ့ပတ်သတ်ပြီး အငြင်းပွားမှုတွေအတွက် လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/e0/e0033d362e9d67f427a5992ee982619f8a8a92fd.jpg

ဇူလိုင်လ (၁၁) ရက်နေ့က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာပြုလုပ်တဲ့ “Squid Game 2” ရိုက်ကူးရေးနဲ့ပတ်သတ်ပြီး Instagram အသုံးပြုသူတစ်ဦးက အွန်လိုင်းပေါ်မှာ တိုင်ကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ရိုက်ကူးရေးပြုလုပ်နေစဥ်အတွင်း စက်လှေကားအသုံးမပြုဖို့တားမြစ်ချက်ကို ဝန်ထမ်းတွေက “ပြန်လှည့်ပါ(Go Back)” လို့သာ ပြောခဲ့တဲ့အတွက် ဖြစ်ပါတယ်။ အဆိုပါ အကောင့်ပိုင်ရှင်က ဝန်ထမ်းတွေအနေနဲ့ ဒီစကားလုံးထက် ယဥ်ကျေးတဲ့စကားလုံးတွေသာ အသုံးပြုသင့်ကြောင်း အကြံပေးခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/13/13dfb35605df257c6a53498f72659de36ace15fb.jpg

အဆိုပါလုပ်ရပ်အပေါ် “Squid Game 2” ကိုယ်စားလှယ်တစ်ဦးက “အင်ချွန်းလေဆိပ်က ရိုက်ကူးရေးနဲ့ပတ်သတ်ပြီး သဘောမကျတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ post ကို တွေ့ခဲ့ရပါတယ်။ ရိုက်ကူးရေးအချက်အလက်တွေကို ပေးပို့ဖို့ ငါတို့အကောင်းဆုံးကြိုးစားနေကြပါတယ်။ အဆင်မပြေဖြစ်စေခဲ့လို့လည်း တောင်းပန်ပါတယ်။ ရိုက်ကူးရေးကို နားလည်ပေးသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ နောက်ရိုက်ကူးရေးတွေမှာ ငါတို့ပိုသတိထားမှာပါ..” လို့ တောင်းပန်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/7c/7c43ac762a7c5a7bf3641b896ba9e557863974b9.jpg

အခုလိုဝေဖန်မှုတွေကို ဥပက္ခာမပြုဘဲ ပြန်လည်တောင်းပန်ပေးခဲ့တာဟာ ပြည်သူတွေကို စိတ်ကျေနပ်စေခဲ့ပြီး “Squid Game 2” အပေါ် ယုံကြည်မှုပိုတိုးစေပါတယ်..။

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T