Official Trailer ထွက်လာခဲ့တဲ့ One Piece Live-Action

//s9.kh1.co/dc/dc1d692edfae92e7e2d6a832dea17d47dae2b5a9.jpg
ရုပ်ရှင် အညွှန်း

 ၂၀-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော တစ်နှစ် က

နာမည်ကြီးပြီးသား Anime တော်တော်များကို Live-Action ရိုက်ရင် အရမ်းဆိုးသွားတာနဲ့ ကောင်းသွားတာနဲ့ နှစ်မျိုးပဲ......

နာမည်ကြီးပြီးသား Anime တော်တော်များကို Live-Action ရိုက်ရင် အရမ်းဆိုးသွားတာနဲ့ ကောင်းသွားတာနဲ့ နှစ်မျိုးပဲရှိပါတယ်။ One Piece ပရိတ်သတ်တွေကလည်း အရမ်းဆိုးဆိုးကြီး မထွက်လာအောင် ရင်တမမ နဲ့ စောင့်ခဲ့ရတာကလပေါင်းများစွာကြာခဲ့ပါပြီ။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

One Piece ကို ၁၉၉၇ ခုနှစ်ကတည်းက Manga အနေနဲ့ ထွက်ရှိခဲ့ပြီး စုစုပေါင်းအတွဲပေါင်း ၁၀၀ ကျော်လည်း ထွက်ရှိထားပြီးပြီဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ Anime အနေနဲ့ထွက်ရှိလာခဲ့ပြီး ယခုအချိန်မှာ အပိုင်းပေါင်း ၁၀၀၀ ကျော်လည်းရှိနေပြီဖြစ်ပါတယ်။ Live-Action ထွက်မယ်လို့ လပေါင်းများစွာကတည်းက ကြေညာခဲ့တဲ့ One Piece Series ကယခုအချိန်မှာ Official Trailer ထွက်လာခဲ့ပါပြီ။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

ဩဂုတ်လ ၃၁ ရက်နေ့ကစပြီး Netflix မှာ စတင်ထုတ်လွှင့်တော့မယ့် ဒီဇာတ်လမ်းတွဲမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Luffy အဖြစ် Iñaki Godoy, Zoro အဖြစ် Mackenyu Arata, Nami အဖြစ် Emily Rudd, Usopp အဖြစ် Jacob Romero Gibson, Sanji အဖြစ် Taz Skylar တို့က ပါဝင်သရုပ်ဆောင်ထားတာကို မြင်တွေ့ရပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

Trailer အရတော့ အရမ်းကြီး ဆိုးဝါးတာမျိုးမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ်လို့ အားလုံးက‌မျှော်လင့်ထားကြပါတယ်။ တကယ်ပဲ ပရိသတ်တွေကို စိတ်မပျက်စေဘဲ အကောင်းဆုံးတွေကို ချပြနိုင်မလားဆိုတာကိုတော့ ဩဂုတ်လ ၃၁ ရက်နေ့မှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Naw
Naw

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T