၁၅ နှစ်ကြာပြင်ဆင်ပြီးမှ ထွက်ရှိလာမယ့် နောက်ဆုံးသော Indiana Jones ရုပ်ရှင်

//s9.kh1.co/37/379b2dd65c7bc415def392d2f755b3e5f0a9a4f4.jpg
ရုပ်ရှင် အညွှန်း

 ၂၂-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၁၀ လ က

Harrison Ford နဲ့ပြောခဲ့တဲ့ အင်တာဗျူးမှာတော့ မင်းသားကြီးက “ထုတ်လုပ်ရေးအဖွဲ့ကတော့ ဒီရုပ်ရှင်ကို ပြင်ဆင်နေခဲ့တာအရမ်းကြာပါပြီ.....

မင်းသားကြီး Harrison Ford က Indiana Jones ရုပ်ရှင်တွေရဲ့နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ 'Indiana Jones and the Dial of Destiny' ကိုဘာကြောင့် ၁၅ နှစ်ကြာပြီးမှ ထွက်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ပြောပြလာပါတယ်။ အသက် ၈၀ ရှိနေပြီဖြစ်တဲ့ မင်းသားကြီး Harrison Ford နောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ Indiana Jones ရုပ်ရှင်က ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ 'Indiana Jones and the Kingdom of the Crystal Skull' ရုပ်ရှင်ပဲဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

Harrison Ford နဲ့ပြောခဲ့တဲ့ အင်တာဗျူးမှာတော့ မင်းသားကြီးက “ထုတ်လုပ်ရေးအဖွဲ့ကတော့ ဒီရုပ်ရှင်ကို ပြင်ဆင်နေခဲ့တာအရမ်းကြာပါပြီ၊ အကြံဉာဏ်ကောင်းတွေကိုလည်း အချိန်အကြာကြီးနေအောင် စဉ်းစားခဲ့ရပါတယ်။ အခုမှ ဇာတ်ညွှန်းရော ဇာတ်လမ်းရော အကောင်းဆုံးအနေအထားကို ရောက်ခဲ့လို့ ထွက်လာခဲ့တာပါ” လို့ပြောခဲ့ပါတယ်။ မင်းသားကြီးက ယခုရုပ်ရှင်နဲ့ပတ်သတ်ပြီးတော့လည်း အလွန်စိတ်ကျေနပ်မှု့ရှိတယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 

Indiana Jones ရဲ့နောက်ဆုံးရုပ်ရှင်ဖြစ်လာမယ့် 'Indiana Jones and the Dial of Destiny' ကို ဂျွန်လ ၂၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

Photo Credit to Original Uploader 
Photo Credit to Original Uploader 
Naw
Naw

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T