ရိုက်ကူးမှုတွေစတင်နေပြီဖြစ်တဲ့ “Squid Game 2”..

//s9.kh1.co/88/8812836951a1305801261f89438291e83707a688.jpg
ရုပ်ရှင် အညွှန်း

 ၁၁-လိုင်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

မြန်မြန်သာပြီးအောင်ရိုက်ကြပါ..

ကိုးရီးယားရုပ်ရှင်လုပ်ငန်းရဲ့အဆိုအရ “Squid Game 2” ကို ဒီတစ်ပတ်အတွင်းမှာ ရိုက်ကူးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ လတ်တလောမှာ ဆိုးလ်နှင့် အင်ချွန်းကြားက လျှို့ဝှက်နေရာတွေမှာ ရိုက်ကူးရေးတွေပြုလုပ်နေပါတယ်။ ခေါင်းဆောင်မင်းသား Lee Jung Jae ဟာ သူ့ရဲ့ပထမဆုံးရိုက်ကူးရေးအပိုင်းကို ပြီးမြောက်သွားပြီလို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/e0/e0033d362e9d67f427a5992ee982619f8a8a92fd.jpg

ဇွန်လအတွင်း ဇာတ်ညွှန်းပိုင်း အပြီးပြတ်လုပ်ဆောင်ခဲ့ပြီး ယခုလအတွင်းမှာ ရိုက်ကူးမှုတွေစတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကောလဟာလတွေအရ T.O.P ဟာလည်း စီးရီးရဲ့အရေးကြီးတဲ့ အပိုင်းတစ်ခုအဖြစ်ပါဝင်လာမယ်လို့ သိရပါတယ်။ T.O.P ဟာ “Squid Game 2” မှာ ပါဝင်လာမယ်လို့ ကောလဟာလတွေထွက်ပြီးနောက်ပိုင်း ဝေဖန်မှုနှင့် အငြင်းပွားမှုတွေ ဆက်တိုက်ကြုံလာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=537,h=299,q=100/31/31680f9ef07336229442a0fc6eccc5a53d5b4d25.jpg
https://s9.kh1.co/__image/w=650,h=650,q=100/7c/7c43ac762a7c5a7bf3641b896ba9e557863974b9.jpg

ဘယ်လိုသရုပ်ဆောင်တွေပါဝင်လာသည်ဖြစ်ပါစေ ပထမပိုင်းကထက် ပိုပြီးရင်ခုန်စိတ်လှုပ်ရှားမယ့် ရသမျိုး ရနေနိုင်ဖို့ အရေးကြီးပါတယ်။ ရိုက်ကူးမှုတွေစတင်နေပြီဆိုတော့ နောက်နှစ်အတွင်းထွက်လာနိုင်ဖို့ မျှော်လင့်ရမှာပါ..။ ပထမပိုင်းထက် ပိုကောင်းတဲ့အပိုင်းတစ်ခုဖြစ်မယ်လို့တော့ မျှော်လင့်ထားပါတယ်..။

https://s9.kh1.co/__image/w=650,h=366,q=100/13/13dfb35605df257c6a53498f72659de36ace15fb.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T