မကြာသေးခင်က ထွက်လာတဲ့ ကောလဟာလတွေ နှင့်ပတ်သက်ပြီး သူတို့လင်မယားနှစ်ယောက်ကွာရှင်းရတဲ့ အကြောင်းအရင်းကို လူအများစိတ်ဝင်စားနေကြပါတယ်။ ကွာရှင်းရတဲ့ အကြောင်းအရင်းဟာ ထွက်နေတဲ့ကောလဟာလ နှင့် သက်ဆိုင်လား မသက်ဆိုင်ဘူးလား ဆိုတာကိုတော့.....
အောက်တိုဘာလ ၂၃ ရက်နေ့ မှာ သူတို့လင်မယားနှစ်ယောက်တရားဝင် ကွာရှင်းပြတ်ဆဲပြီးပြီဟု အောင်လရဲ့ ဖေ့ဘွတ်အကောင့်မှာတင်ခဲ့ပါတယ်။ မင်းသမီးတစ်ယောက်ကလည်း ထိုနေ့ တစ်ရက်ထဲမှာဘဲ ကွာရှင်းတဲ့အကြောင်းကြေညာခဲ့တဲ့အတွက်ရယ် အရင်တုန်းကထွက်နေတဲ့ကောလဟာလရယ်ကြောင့် ပိုပြီးတော့ပျံ့နှံ့သွားခဲ့ပါတယ်။
ထိုကြောင့် အောင်လဟာ သူနှင့်သူ့ဇနီးကွာရှင်းရတဲ့အကြောင်းအရင်းဟာ သူ့ဇနီးက အဝေးတစ်နေရာမှာ နေတဲ့အတွက်ကြောင့် တစ်နှစ်မှာ တစ်ခါလောက်သာတွေ့ရတာဖြစ်ပြီး တူတူနေဖို့ အဆင်မပြေတော့သောကြောင့် မနှစ်ကတည်းကပင်ကွာရှင်းဖို့ စီစဉ်ခဲ့ခြင်းကိုပြောကြားခဲ့ပါတယ်။ လက်ရှိထွက်နေတဲ့ ကောလဟာလနှင့် ပတ်သက်ပြီးတော့ဘာမှပြောစရာမရှိဘူးလို့ဆိုပါတယ်။
Source: sandawchain
Anna
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။