တောင်ပေါ်မှာ ၀ ဥတွေသွားတူးပြီး ရလာတဲ့၀ ဥတွေကို မယားအောင်သေချာလေးချက်ပြီး မြိန်ရေယှက်ရေ အားပါးတရစားနေကြတဲ့ PDF ရဲဘော်လူငယ်လေးများ

//s9.kh1.co/fa/fa3292606319be7cb046d21351d221357c3ad8d6.jpg
နေ့စဉ်သတင်းများ

 ၁၃-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် အင်တိုက်အားတိုက်ကြိုးစားနေကြတာကိုတွေ့ရပါတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူငယ်အတော်များများလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိကာ PDFရဲဘော်တွေအနေနဲ့ ခံယူပြီး စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဒီဒေး ကြေငြာလိုက်ပြီလည်းဖြစ်တာကြောင့် တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပေါ်လာပြီး နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့လည်း တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်နေကြတဲ့ PDF ရဲဘော်တွေအတွက် ရိက္ခာနဲ့ အစားအသောက်တွေ တတ်နိုင်သရွေ့ လှူဒါန်းနေကြတာလည်း ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

PDFရဲ‌ဘော်လေးတွေဟာလည်းအခုလိုလှူဒါန်းပေး‌ကြတဲ့ ရိက္ခာလေးတွေနဲ့ တောထဲတောင်ထဲမှာ ဖြစ်သလိုလေးတွေချွေတာစားသောက်ကြပြီး တော်လှန်ရေးကြီးအတွက် ကြိုးစားပြင်ဆင်နေကြတာဖြစ်ပါတယ်။ အခုဆို PDF ရဲဘော်လေးတစ်ဦးဟာလည်း တောင်ပေါ်မှာ ၀ ဥလေးတွေသွားတူးပြီး မယားအောင်

ပြုတ်ပြီးထောင်း၊ စားရင်မယားအောင် ထောင်းပြီးရင် ထုံးနဲ့စိမ် ပြီးရင် ပုံသွင်းပြီး မယားအောင်ကင်ပွန်းချဉ်ရွက်နဲ့ ပြန်ပြုတ် အေးရင် သုပ်စား ဟင်းချက်စားကြတဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Naing Win Soe's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T