မြင့်မြတ်ဟာ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ကောင်းတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ မင်္ဂလာပွဲကို ၃ ပွဲကျင်းပသွားမည်....

မကြာခင်လက်ထပ်တော့ မယ့် သရုပ်ဆောင်မြင့်မြတ်ဟာ သူ့ရဲ့ မင်္ဂလာဆောင်တော့မယ့်အကြောင်းကိုပြောသွားပါတယ်။ ချစ်သူ သက်တမ်း ၅ နှစ်ရှိပြီ ဖြစ်တဲ့ အတွက်ကြောင့် လက်ထပ်တော့မယ်လို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ ဇနီးလောင်းလေး နာမည်ဟာ ခင်သူအောင်ဖြစ်ပြီး မြင့်မြတ်ရဲ့ ပရိသတ်တော်တော်များများသိကြမှာပါ။

မြင့်မြတ်ဟာ သူ့မင်္ဂလာပွဲကို ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်၊ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပမယ်လို့ဆိုပါတယ်။ ရန်ကုန်မှာ ၂ ပွဲ မန္တလေးမှာ ၁ ပွဲ စုစုပေါင်းသုံးပွဲကျင်းပသွားမယ်လို့ပြောကြားခဲ့ပြီး ပရိသတ်တွေက အနုပညာနှင့် လူမှုရေးကို ခွဲခြားမြင်လာပြီး နားလည်ပေးတဲ့ အတွက်စိတ်မပူကြောင်းလည်းပြောပါတယ်။ အိမ်ထောင်ကျပြီးရင်လည်း အနုပညာလုပ်ငန်းတွေကို ပိုပြီး အားစိုက်လုပ်ရန်ဘဲ ရှိပါတယ်လို့လဲပြောကြားခဲ့ပါတယ်။

Source: Myanmarcelebrities

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။