ပရိုဂျူဆာတစ်ယောက်အဖြစ် တွေ့မြင်လာရတော့မယ့် ဝိုင်းစုခိုင်သိန်း

ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းလိုက်ပြီဖြစ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ ၂ နှစ်ကျော်ကြာ ဇာတ်ကားရိုက်ကူးရေးတွေကို နားခဲ့ပြီး တေးရေး တေးဆို ဖက်မှာ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့တာ အခုဆိုရင် အယ်လ်ဘမ်လေးခုထုတ်နိုင်ခဲ့ပါပြီ။ ဒါ့အပြင် သူမရဲ့ ငါးခုမြောက် အယ်လ်ဘမ်ဖြစ်တဲ့ "ဂါ" စီးရီး Promotion ပွဲကို မနေ့က လှည်းတန်းစင်တာမှာ ပြုလုပ်ခဲ့ပြီး ချစ်တဲ့ပရိသတ်တွေနဲ့အတူ အောင်အောင်မြင်မြင် ပြီးဆုံးသွားခဲ့ပါပြီ။

အခုတော့ ဝိုင်းစုက သူကြိုက်တဲ့ ဇာတ်လမ်းတွေကို သူကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရိုက်ကူးသွားဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

"ဇာတ်ကားတွေကို ကိုယ်တိုင်ထုတ်ပြီး ဝိုင်းစုရိုက်ကူးသွားမယ်။ အဓိကကတော့ ဇာတ်လမ်းပါ။ ဇာတ်လမ်းပေါ်မူတည်ပြီး ဝိုင်းစုရိုက်ကူးသွားမယ်။ အဓိကက ကိုယ့်ဘာသာထုတ်ပြီးရိုက်ကူးမယ်ဆိုတာက ဝိုင်းစု နားထားတာကြာပြီ ဝိုင်းစုပရိသတ်ကလည်း ရိုက်ကူးစေချင်တာကြောင့်ပါ" လို့ ချစ်တဲ့ ဝိုင်းစုက ပြောပါတယ်။ ကိုယ်တိုင်ထုတ်ပြီးရိုက်ကူးတဲ့အခါမှာ ဗီဒီယိုရော ရုပ်ရှင်ဇာတ်ကားကြီး နှစ်ခုစလုံး ထုတ်လုပ်ရိုက်ကူးမှာဖြစ်ပြီး ဇာတ်လမ်းတွေကို သေချာစီစစ်ပြီးမှ ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

"ဇာတ်ကားတွေ ရိုက်ကူးသွားတယ်ဆိုရင်လည်း ဝိုင်းစု ဇာတ်ကားကောင်းကောင်းလေးတွေပဲရိုက်ချင်တယ်။ ဇာတ်လမ်းတွေကို သေချာရွေးချယ်ပြီးတော့ တစ်နှစ်လုံးမှာမှ တစ်ကားပဲ ရိုက်ချင်ရိုက်ဖြစ်မယ် နှစ်ကားဖြစ်ချင်လည်းဖြစ်မယ် ကောင်းကောင်းလေးရိုက်ဖို့ပဲ ဝိုင်းစု စဉ်းစားထားတယ်။ အချိန်တော့ နည်းနည်းကြာဦးမှာပါ" လို့ ဝိုင်းစုကပြောပါတယ်။

ကဲချစ်တဲ့ပရိသတ်ကြီးကကော ဝိုင်းစုထုတ်မယ့် ဇာတ်ကားတွေကို အာပေးဖို့ အဆင်သင့်ဖြစ်နေပြီလားး.……………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။