အောက်ဆီဂျင် အရေးပေါ်လိုအပ်နေကြတဲ့ ရန်ကုန် ပြည်သူတွေအတွက် ဝမ်းသာရတော့မယ့် သတင်းကောင်းလေးတစ်ခု

//s9.kh1.co/ed/ed72812d1ec4c5cb5886d23312f893c37257f82d.jpg
နေ့စဉ်သတင်းများ

 ၁၅-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ ယခုတလော ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာပြီး အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ နေရာတိုင်းမှာလည်း ပြည်သူတွေဟာ မိမိတို့ရဲ့ လူနာတွေအတွက် အသက်ရှုရဖို့ တစ်နေကုန်တစ်နေခန်း နေပူမိုးရွာနေတဲ့ ကြားကနေ စက်ရုံရှေ့တွေမှာ အလုအယက် ဝယ်ယူစောင့်ဆိုင်းနေကြရတဲ့ စိတ်မကောင်းစရာ မြင်ကွင်းတွေကလည်း နေ့စဥ်အမျှ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒါ့အပြင် ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံကြီးတွေနဲ့ ကိုဗစ်စင်တာတွေမှာလည်း အောက်ဆီဂျင်များပြတ်လပ်နေရတာတွေ ရှိလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ယခုရက်ပိုင်းအတွင်း လူအများအပြားသေဆုံးနေရတဲ့ အဓိကပြဿနာကတော့ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။ ဒီလို ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေအတွက် ငွေကြေးပြည့်စုံတဲ့ အလှူရှင်တွေကလည်း အောက်ဆီဂျင်စက်ရုံတွေ တည်ဆောက်ဖို့ အလှူငွေတွေ လှူဒါန်းပေးကြတာတွေ့နေရပါတယ်။ ယခုမှာလည်း အောက်ဆီဂျင်များ အသုံးပြုနေရတဲ့ ရန်ကုန် ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုကို ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ဒီသတင်းကတော့ ထိုင်းဘက်ခြမ်းကနေ တန် (၂၀) ဝင်ဆန့်တဲ့ အောက်ဆီဂျင်ကားကြီး (၂၆) စီးဟာ ဇူလိုင် (၁၄) ရက်နေ့မှာ ထိုင်း-မြန်မာ အမှတ် (၂) တံတားမှတဆင့် မြဝတီမြို့ကို ရောက်ရှိခဲ့ပြီးနောက် ပြည်တွင်းသို့ ဆက်လက်ထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။အဆိုပါ အောက်ဆီဂျင်ကားကြီး (၂၆)စီးဟာ ရန်ကုန်မြို့ကို တစ်ရက်ခြားစီရောက်ရှိလာမှာ ဖြစ်ပါတယ်။ အောက်ဆီဂျင်(၄၀)လီတာဝင်အိုးပေါင်း (၃၂၀၀)အိုး ဖြည့်တင်းပေးနိုင်မှာဖြစ်ပြီ ဆေးရုံများ၊ ကိုဗစ်စင်တာများအတွက်အဓိက ဦးစားပေးအစီအစဉ်ထားသလို နောက်ထပ် အောက်ဆီဂျင်တွေကိုလည်း ထပ်မံမှာယူထားတယ်လို့လည်း ကြားသိရပါတယ်။ ဒီသတင်းဟာ အမှန်ဖြစ်မယ်ဆိုရင်တော့ ရန်ကုန်နေပြည်သူတွေအတွက် ဝမ်းသာရတော့မှာ အမှန်ပါနော်...။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T