မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုရီးယားပန်းချီဆရာတွေက ပုံလေးတွေရေးဆွဲပြီး ပြသထားတဲ့ဂွန်ဂျူးကပန်းချီပြပွဲ

//s9.kh1.co/eb/ebaa9b5ce774e1d4a7bc33a83b420ee6ac1a3e5a.jpeg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုရီးယားပန်းချီဆရာတွေက ပုံလေးတွေရေးဆွဲပြီး ပြသထားတဲ့ဂွန်ဂျူးကပန်းချီပြပွဲ

လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စမှာဆိုရင် တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးကြတဲ့ နိုင်ငံတွေထဲမှာတောင်ကိုရီးယားနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။တောင်ကိုရီးယားပြည်သူတွေကတော့ သူတို့နိုင်ငံမှာခေတ္တရောက်ရှိနေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့အလုပ်လုပ်ကိုင်နေကြတဲ့သူတွေကို အားပေးကူညီနေကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေက လူထုလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါမှာလည်း ကိုရီယားပြည်သူတွေက တက်တက်ကြွကြွနဲ့လှုပ်ရှားပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့အပြင်လည်း ကိုရီးယားလူမျိုးကလေးငယ်လေးတွေကပါ မြန်မာစာပေနဲ့  စာလေးတွေရေးသားပြီး အားပေးစကားပြောပေးကြသေးတာဖြစ်ပါတယ်။အခုလိုမျိုး တောင်ကိုရီးယားနိုင်ငံကလည်း မြန်မာလူမျိုးတွေရဲ့အခြေအနေကို ကိုယ်ချင်းစာကြလို့ သူတို့တွေကလည်း တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကိုရီးယားပန်းချီဆရာတွေက မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ပုံရိပ်လေးတွေကို အမှတ်တရပန်းချီတွေ ရေးဆွဲပြီး ပြခန်းမှာပြသထားတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မြန်မာ့အရေးကိစ္စကို သေသေချာချာပုံလေးတွေဆွဲထားကြတဲ့ ပန်းချီဆရာတွေရဲ့လက်ရာက အရမ်းအသက်ဝင်လှပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း အသက်ပေးသွားရတဲ့သူရဲကောင်းတွေရဲ့ နောက်ဆုံးအမှတ်တရပုံရိပ်လေးတွေကိုလည်း ပန်းချီအဖြစ်တွေ့မြင်နေရတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေရဲ့ ဒုက္ခအခက်အခဲတွေကို ကိုယ်ချင်းစာပေးပြီး အမှတ်တရလေးတွေဖန်တီးပေးထားကြတဲ့ ကိုရီးယားပန်းချီဆရာတွေရဲ့လက်ရာလေးတွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T