ဆူဇူကီးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ဥရောပခြေစမ်းခရီးစဉ်မှ ပြန်လည်ရောက်ရှိ

====================================================

အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားအကြို ပြင်ဆင်မှုအဖြစ် ဥရောပနိုင်ငံများတွင် သွားရောက်လေ့ကျင့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပနိုင်ငံများ၌ သွားရောက်လေ့ကျင့်နေစဉ်အတွင်း အဓိကတိုက်စစ်မှူ းကျော်ကိုကို နှင့် တောင်ပံအားကစားသမား သီဟဇော်တို့ကို နည်းစနစ်ပိုင်း အံမဝင်သောကြောင့် ပြန်လည်စေလွှတ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းအုပ်ချုပ်သူ ဦးသတိုးအောင်က တိုက်စစ်မှူ းကျော်ကိုကို ကို နည်းစနစ်ပိုင်းအရ ချန်လှပ်ထားခဲ့ခြင်းဖြစ်သောကြောင့် ပြန်လည်ရွေးချယ်ရန် ဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းသည် ဥရောပခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ ရှစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရာ လေးပွဲနိုင် နှစ်ပွဲသရေ နှစ်ပွဲရှုံးနိမ့်ခဲ့ပြီး ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။

Source: Local Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။