CIS က dota 2 team တစ်ခုဖြစ်တဲ့ Hellraisers ကတော့ Lil ကိုအသင်းရဲ့ po 4 player အဖြစ်ခေါ်ယူခဲ့ပါတယ်။
Hellraisers ဟာ ပြီးခဲ့တဲ့ 7 လပိုင်းမှာ အသင်းကနေ RodjER ထွက်သွားပီးထဲက po 4 player ကောင်းတစ်ယောက်လိုအပ်နေခဲ့တာဖြစ်ပြီး လတ်တလောယှဥ်ပြိုင်ခဲ့တဲ့ tournaments တွေမှာ stand-in players တွေနဲ့သာ ယှဥ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့ဒီနောက် မနေ့က 10 လပိုင်း 6 ရက်နေ့မှာတော့ Hellraisers ဟာ သူတို့ stand-in player အနေနဲ့ ခေါ်ယူကစားခဲ့ဖူးတဲ့ Lil ကိုအသင်းရဲ့ po 4 player အဖြစ် အပီးသတ်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း Hellraisers ဟာ roster ပြည့်စုံဖို့အတွက် po 5 player တစ်ယောက်လိုအပ်နေသေးပြီး လက်ရှိ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ ESL One Germany 2020 အတွက် Winstrike က inactive player kickeed ကို အငှားအနေနဲ့ ခေါ်ယူထားရပါသေးတယ်။
ESL One Germany 2020 ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ Hellraisers ရဲ့ roster အပြည့်အစုံကတော့
Po 1- Nix
Po 2- ksani
Po 3- funn1k
Po 4- Lil
Po 3- kickeed (stand-in)
တို့ပဲ ဖြစ်ပါတယ်။
Source - Hellfaisers Esports twitter
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။