ဝိန်းရွန်းနီရဲ့ သားနဲ့အတူ ယူနိုက်တက်အကယ်ဒမီမှာ စာရင်းသွင်းခဲ့ပြီဖြစ်တဲ့ ဇလာတန်ရဲ့ သားငယ်နှစ်ယောက်

သရဲနီအသင်းခေါင်းဆောင် ဝိန်း ရဲ့သားငယ် ကိုင်ရွန်းနီဟာ ယူနိုက်တက်လူငယ်အကယ်ဒမီနဲ့အတူ လေ့ကျင့်ကစားတော့မှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာတည်း ယူနိုက်တက်အသင်း တိုက်စစ်မှူး ဇလာတန်ရဲ့သားငယ်နှစ်ဦးဟာလည်း အကယ်ဒမီသို့ ရောက်ရှိလို့လာပါတယ်။

မက်စ် (၁၀) နှစ် ဗင်းဆင့် (၈) နှစ် လို့အမည်ရတဲ့ ဇလာတန်ရဲ့ သားငယ်နှစ်ဦးဟာ ဝိန်း ရဲ့သားငယ် ကိုင ်(၆) နှစ်နဲ့ အတူ ယူနိုက်တက်အကယ်ဒမီအသင်းရဲ့ လေ့ကျင်းခန်းတွေမှာ ပါဝင်တော့မှာဖြစ်ပါတယ်။

"ဒီကလေးငယ်လေးတွေမှာ ဖခင်တွေရဲ့ အရည်အသွေးတွေ အပြည့်အဝရှိနေမယ်လို့ မျှော်လင့်ရပါတယ"် ဟု အကယ်ဒမီ လေ့ကျင့်ရေးမှူးတစ်ဦးက ပြောဆိုသွားခဲ့သည်။

Source: International Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။