ကဲ သင့်ရဲ့ မျက်ခုံးမွေးအမျိုးအစားက ဘယ်တစ်ခုဖြစ်မလဲ။
မျက်ခုံးမွေးဆိုတာ လူတစ်ယောက်ရဲ့ မျက်နှာ ကို အဓိက နေရာမှာ ပုံဖော်ပေးနေတာဖြစ်ပါတယ်။ မျက်ခုံး တွေ မျက်နှာနှင့် မလိုက်ရင်၊မပါရင် တော်တော်ကိုကြည့်ရဆိုးနေမှာပါ။ ဒါကြောင့်ကိုယ့် မျက်ခုံးမွေးပာာ ကိုယ့်မျက်နှာနှင့် လိုက်မလိုက် ကြည့်နိုင်အောင် မျက်ခုံးမွေးအမျိုးအစားများက်ို ဖော်ပြအပ်ပါတယ်။
၁.ဝိုင်းသောမျက်ခုံး(Rounded Eyebrow)
ဒီမျက်ခုံးပာာ လေးထောင့်မျက်နှာပိုင်ရှင်(Squared Shape Face)နဲ့အလိုက်ဆုံးဖြစ်ပါတယ်။
၂.ဖြောင့်တန်းသောမျက်ခုံး(Straight Eyebrow)
ဒီတစ်မျိုးကျတော့ ဘဲဥမျက်နှာ(Oval Shape Face)နဲ့မျက်နှာရှည်သူများနှင့် အလိုက်ဖက်ဆုံးပါ။
၃.တိုသောမျက်ခုံး(Short Eyebrow)
ဒိီမျက်ခုံးက မိန်းကလေးတော်တော်များများမှာ သိပ်မရှိကြပါဘူူး။ယောက်ျားလေးမှာအရှိများကြပါတယ်။
၄.အစွန်းထွက်နေသောမျက်ခုံး(Tailed Edge Eyebrow)
မျက်နှာရှည်ရှည်ပိုင်ရှင်(Long Face)များနှင့်ဒီမျက်ခုံးပာာ အလိုက်ဆုံးပါ။
၅.ခုံး၍မြင့်သောမျက်ခုံး(High Ach Eyebrow)
မျက်နှာဝိုင်းဝိုင်းလေးတွေ(Rounded Face)နဲ့အလိုက်ဖက်ဆုံးပာာ ဒီလို မျက်ခုံးတွေပါပဲ။
၆.ကောက်သောမျက်ခုံး(Curved Eyebrow)
ဒီလိုမျက်ခုံးကောက်ကောက်လေးတွေနဲ့ ဒိုင်းမွန်း(စိန်)ပုံစံမျက်နှာပိုင်ရှင်(Diamond Shaped Face)မှာရှိရင်Perfectပါပဲ။
၇.ရိပ်ပြီးပုံဖော်ထားသောမျက်ခုံး(Groomed Eyebrow)တို့ပဲဖြစ်ပါတယ်။
ဒီမျက်ခုံးပာာ အရမ်းကို မိန်းကလေးဆန်တဲ့ မျက်ခုံးပါ။ အသည်းပုံစံ မျက်နှာလေးတွေရယ်(Heart Shaped Face)ဒီမျက်ခုံးပုံစံနဲ့ ဆို လုံးဝ အပြစ်ပြောစရာမရှိအောင်လှနေမှာပါ။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။