အစိုးရသစ်လက်ထပ်မှာ မိမိတို့ နိုင်ငံဟာ ပြောင်းလဲမှုတွေများစွာကြုံတွေ့ခဲ့ရပါတယ်။ အရင်ကလိုမျိုး လူကြီးဖြစ်ရင် လုပ်ချင်တာလုပ်ခွင့်ရှိတယ် ယူချင်တာယူခွင့်ရှိတယ် ပိုက်ဆံပေးစရာမလိုဘူးဆိုတဲ့မူတွေကို ပယ်ဖြတ်လိုက်တဲ့ သမ္မတဦးထင်ကျော်ရဲ့လုပ်ရပ်....

'ဖြတ်ခနဲ မြင်လိုက်ရသော ကျွန်တော်တို့ သမ္မတကြီးရဲ့ စိတ်သဘောထားလေး။

ဒီကနေ့ ပင်းတယ ရွှေဥမင် ဘုရားကို သမ္မတကြီး ဦးထင်ကျော်နဲ့ အဖွဲ့ ဘုရားဖူး လာရောက်ခဲ့ကြပါတယ်။ နို်င်ငံတော်ရဲ့ အကြီးဆုံး ပုဂ္ဂိုလ် လာမှာဆိုတော့ ဒေသဥက္ကဌကလည်း အစည်းအဝေးတွေ ခေါ်၊ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြပါတယ်။ ခါတိုင်း လူကြီးတွေ ဘုရားလာရင် ရွှေဥမင်ဘုရားမှာ ရွှေသင်္ကန်းကပ်လေ့ ရှိတာကြောင့် ရွှေသင်္ကန်းကပ်ဖို့ ရွှေဆိုင်းတွေကို ဗန်းလေးနဲ့ထည့် လူကြီးလာရင် ပေးဖို့ ဗန်းကိုင်တွေ ရွေးနဲ့ပေ့ါ။

ဒါနဲ့ ဒီနေ့ မနက် (၁ဝး၃၀)လောက်မှာ သမ္မတကြီး ဘုရားကို ရောက်လာပါတယ်။ သမ္မတကြီးနဲ့ မိသားစုတွေ ဘုရားကန်တော့ အပြီးမှာ ရွှေဆိုင်းဗန်းကိုင်ထားတဲ့ မိန်းကလေးတွေက သမ္မတကြီးနဲ့ ဇနီးကို ရွှေချဖို့ ရွှေဆိုင်းတွေ ပေးအပ်လိုက်ပါတယ်။ သမ္မတကြီးနဲ့ မိသားစုလည်း ရွှေသင်္ကန်းတွေ ကပ်လှူခဲ့ကြပါတယ်။ ရွှေသင်္ကန်းကပ်အပြီး ရွှေဥမင် လိုဏ်ဂူတော်ထဲကို နာရီဝက်လောက်အချိန်ယူပြီး သေသေချာချာ ဖူးမျှော်ခဲ့ကြပါတယ်။

ဘုရားဖူးအပြီး ပြန်အထွက် အလှူခံမဏ္ဍပ်နဲ့ ရွှေဆိုင်းအရောင်းဌာန အရောက်မှာတော့ သမ္မတကြီးက ကျွန်တော် မမျှော်လင့်ထားတဲ့ စကားကို ဆိုလိုက်ပါတယ်။ “ ကျွန်တော် ဘုရားပေါ်မှာ အနားက သမီးလေးတွေ လာပေးလို့ ရွှေသင်္ကန်းတွေ ကပ်ခဲ့တာ။ အဲဒီရွှေဆိုင်းဖိုးတွေ ကျွန်တော် မပေးရသေးဘူး။ ကျွန်တော် ပေးပါရစေ”တဲ့ဗျား။

ဂေါပကအဖွဲ့က ပေးစရာမလိုတဲ့အကြောင်း၊ သမ္မတကြီးအတွက် စီစဉ်ထားတာဖြစ်တဲ့အကြောင်း ပြောပြပေမယ့် ရိုးသားတဲ့ သမ္မတကြီးက ကျွန်တော့်ဖာသာ ကျွန်တော်ပဲ ရှင်းပါရစေဆိုပြီး ငွေထုတ်ပေးသွားခဲ့ပါတယ်။

ရွှေဥမင်ဘုရားမှာ လူကြီးအမျိုးမျိုးကို ကျွန်တော်လိုက်ပို့ဖူးတာ များလှပါပြီ။ ဒီလို ထူးဆန်းလှတဲ့ မြင်ကွင်းနဲ့ ထူးဆန်းတဲ့ သမ္မတကြီးကိုတော့ အခုမှပဲ မြင်တွေ့ခဲ့ရပါကြောင်း ဝမ်းသာပီတိဖြစ်စွာ တင်ပြလိုက်ရပါတယ်။' ဟူ၍ ဖေ့ဘွတ်သုံးစွဲသူတစ်ဦးမှတင်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံသား တစ်ဦးအနေနှင့် မိမိတို့ နိုင်ငံဟာ အရင်ကနှင့် မတူတော့ကြောင်း ကို ဒီသတင်းလေးနှင့် ဂုဏ်ယူစွာတင်ပြလိုက်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။