အိုလံပစ်ပွဲနဲ့ အာရုံတွေများနေကြတဲ့ အချိန်မှာ 2016 International 'Dota 2' Video game championship ပြိုင်ပွဲကလဲ ကျင်းပပြီးသွား ပါပြီ။ ပုံမှာ ပြထားတဲ့ အဖွဲ့ဟာဆိုရင် Dota ခုတ်ရာမှ ခင်မင်သွားတဲ့သူများ ဖြစ်ကြပြီး သူတို့သည် ထိုသို့ game ပြိုင်ရာမှာ ယခုပွဲကို ဝင်ပြိုင်ဖြစ်ခဲ့ကြသည်။ ရသည့်ပိုက်ဆံမှာလဲ ပွဲကြီးလျှင် ၃ မီလီယံ ဒေါ်လာ တွေရတတ်ပြီး အင်တာနယ်ရှင်နယ်ပွဲတွေဆိုရင် ၂၀.၃ မီလီယံလောက်ပေးလေ့ရှိတတ်ကျသည်။ ယခုပွဲမှာတော့ အနိုင်ရသွားသည့် အသင်းက တရုတ်လူမျိုးတွေဖြစ်ပြီး အသင်းနာမည်က 'Wings Gaming' ဖြစ်ရာ စုစုပေါင်း ၉.၃ မီလီယံကို ရရှိသွားခဲ့ကြသည်။

အဲ့ဒီတော့ အကယ်၍သင်ဟာ Dota ကို ခုတ်ရတာ ဝါသနာပါပြီး ရူးသွပ်တယ်ဆိုရင် ထိုကဲ့သို့သော ပြိုင်ပွဲများကို ဝင်ပြိုင်စေချင်ပါသည်။

မိမိအိမ်က ဒါမှမဟုတ် မိမိ စော် က 'Dota ချည်းပဲ ခုတ်နေတာပဲ။ ဘာသွားသုံးစားမှာလဲ'လို့မေးရင် 'ကျွန်တော် က ပရိုဖြစ်ဖို့ဆော့ နေတာ ပြီးရင်ပြိုင်ပွဲဝင်ပြီးပိုက်ဆံရှာမှာ'လို့ ဒီပွဲတွေရှိကြောင်း ပြန်ပြောပြီး ပါးစပ်ပိတ်လို့ရပြီပေါ့။

အမြဲမှတ်ထားပါ ဘယ်အတတ်ပညာမဆို ဘယ်အရာမဆို ပိုက်ဆံရှာချင်ရင် ကောင်းတဲ့နည်းပေါင်းဆုံနဲ့ရှာလို့ရတယ်ဆိုတာ မမေ့နဲ့နော်။

translated by Anna

Source: BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။