ရိုးသားမှုကြောင့် ဂုဏ်ပြုခံထိုက်သူ ကိုဇင်စိုး

ပရိသတ်ကြီးရေ အခုလို သတင်းမျိုးစုံ ကြားသိနေရတဲ့ ခေတ်ထဲမှာ စိတ်ချရတဲ့ ရိုးသားမှုရှိတဲ့သူတွေရှိနေတယ်ဆိုတဲ့ သတင်းလေးကတော့ လူမှုကွန်ရက်မှာ ပျံ ့နှံ ့လို ့လာပါတယ် ပရိသတ်ကြီးလည်း ဝမ်းသာကြည်နူးနို်င်စေဖို ့ဒီအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်...

ဒီမနက် အရမ်းကိုကြည်နူး ရတဲ့နေ့လေးပါ ခေတ်အခြေအနေ ဖြစ်ပျက်နေတဲ့ ကြားသိရတဲ့ သတင်းတွေကြောင့် စိတ်တွေပျက်နေတဲ့ ကာလမှာ

လူတွေပြောပြောနေတဲ့ စိတ်မချရဘူးဆိုတဲ့ နေရာ အရပ်မှာ ရိုးသားမှု ရှိတဲ့လူငယ်လေးတွေ ရှိကြတာဘဲဆိုတာ သိခဲ့ရပါတယ် မကောင်းမှုဒုစရိုက်တွေ ဆိုးဝါးနေတယ်ဆိုတဲ့ အချိန်မှာ ရိုးသားဖြူစင်တဲ့ လူငယ် မိသားစု တွေလဲရှိကြတာဘဲဆိုတာ သိခွင့်ရလိုက်ပါတယ်

ဥစ္စာပျောက် ငရဲရောက်ဖြစ်ရတော့မလို့လေ မနေ့က အိမ်တက်ဆွမ်းကပ်လေးလုပ်ပြီး ညဘက်မှအေးဆေး တိုက်ခန်းတွေဘက်ကအပြန် အိမ်ကိုရောက်မှ အမျိုးသားရဲ့ ပိုက်ဆံအိတ် မပါလာတာပျောက်နေတာ သိရပါတယ် သူလဲ စဉ်းစားကြည့်တော့ခါတိုင်းဆို ကားမထွက်ခင် အိတ်ကို မိန်းမကိုလှမ်းပေးနေကျ - ညကတော့ ၈နာရီလောက်ရှိတော့မယ်ဆိုတော့တနေ့လုံးလဲ ပင်ပန်းထားပြီးကိုယ်လဲ အိပ်ချင်နေတာနဲ့သတိမထား မမေးမိဘဲ အိမ်ပြန်ရောက်မှ ပါမလာတာသိတယ် စဉ်းစားပြီးဖြစ်နိုင်တာက Airconပြင်တဲ့ အဖွဲ့ကလဲ ပြန်ခါနီးမှ ရောက်လာတော့ Gas ဖြည့်တာစောင့်ရင်း ပြီးတော့ ကျသင့်ငွေ ၂သောင်း

ထုတ်ပေးပြီး သူလဲ အိတ်ကို စကားရပ်ပြောရင်းအမှတ်တမဲ့ ကားအမိုးပေါ်တင်ထားမိတယ်နဲ့တူပါတယ်

ဒါဘဲရှိတယ်လေ ကိုယ်ကလဲ အိမ်ထဲမှာဆိုတော့ မသိလိုက်ဘူး ပြန်မယ်ခေါ်တော့ ထွက်လာ ပြီး မီးတွေကလဲ ပျက်သွားတော့ အပြင်မှာနဲနဲမှောင်နေတော့ သတိမထားမိဘဲ သူလဲကားထဲဝင်ထိုင်မောင်းပြီး လင်မယားနှစ်ယောက်ပြန်လာ

ကြတာ အိမ်ရောက်မှမရှိတော့ ပြာပြီပေါ့ ငွေကတော့၄သိန်းကျော်လောက်ပါဘဲ ဖုံးတလုံးနဲ့ အရမ်းအရေးကြီးတဲ့မှတ်ပုံတင် ကားမောင်းလိုင်စင် ဘဏ်စာအုပ် နဲ့ အရေးကြီးစာရွက်တချို့ပါတော့ ညတွင်းချင်းခေါက်ပြန်ပြီး သက်ဆိုင်ရာနယ်မြေ

အောင်ပင်လယ်ရဲစခန်းမှာ ပျောက်တဲ့အကြောင်းပြောသတင်းပေးပြီး ထောက်ခံစာတွေ ယူလိုက်ရပါတယ် တာဝန်မှုးနဲ့တကွ ရဲတပ်သားလေးတွေ အကူအညီပေးကြပါတယ်

ယူပြီး စခန်းကပြန်ထွက်တော့ ၁၁နာရီလောက်ရှိပြီ တိုက်ခန်း ကားရပ်တဲ့နားတွေ ရှိလိုရှိငြား ဆိုပြီး တခေါက်ပြန်ဝင်ကြရင်း မောတာနဲ့ အဲ့မှာဘဲ

အိပ်ဖြစ်လိုက်တယ်ခုမနက် ထ ပြန်လာရင်းစျေးဝင်ဝယ် သွားမယ်စိတ်ကူးနဲ့မြရည်နန္ဒာစျေး တခါမှလဲ မဝယ်ဘူးသေးဘူးဆိုပြီးစျေးရှေ့ မျက်နှာချင်းဆိုင်က ၄၉လမ်းပေါ် မြတ်ဘုန်းခန့် ဆိုတဲ့ ကွမ်းဆိုင်လေးရှေ့ ကားရပ်ဆင်းရင်းမှ အဲ့ဆိုင်ကခလေး က ဦးလေး ညက ပိုက်ဆံအိတ်ပျောက်လားတဲ့လေ ပျော်ပြီပေါ့ သူကပြောတယ် ပုံထဲကဦးလေးရုပ်ဘဲဆိုပြီးမေးတာ ဝမ်းသာအားရ ဟုတ်တယ်ပျောက်တယ်ပေါ့ ညက တဲ့သူ့ဆိုင်ရှေ့ လမ်းမပေါ်မှာအိတ်တလုံးကျ နေတာတွေ့လို့ သိမ်းထားတာတဲ့အထဲက ဟာတွေ ဘာမှ မလုပ်ဘူး ဒီအတိုင်းဘဲတဲ့

ခုမနက် ဒီထဲက ဖုံးနံပါတ်နဲ့ ဆက်သွယ်တော့ မလို့ပါတဲ့ သူ့အိမ်မှာလိုက်ယူပါ ဆိုလို့ လိုက်သွားကြတယ်သင်ပန်းကုန်းထဲမှာပါ မိဘတွေကလဲ အလွန်ရိုးသားတဲ့အညာသားကြီးတွေပါ အကုန်ပြည့်စုံစွာပြန်ရလို့ အမျိုးသားလဲ ဝမ်းသာပြီး ဘယ်လိုမှတော့ မထင်ပါနဲ့မင်းရဲ့ရိုးသားမှုကို ဂုဏ်ပြုတာပါပြောပြီး ၁သိန်းပေးလိုက်တာကို ခဏနေတော့ သူ့မိဘကို ထိုင်ကန်တော့လိုက်ပါတယ် တကယ်ကိုကြည်နူးမိပါတယ် အမျိုးသားလဲချီးကျုးပြီး သူ့ကိုအတင်းဘဲ ၁သိန်းထပ်ပေးလိုက်ပါတယ် သူကအဆုံးထားထားတာလေ စာရွက်စာတမ်း မှတ်ပုံတင်တွေ ပြန်ရတာကို ဝမ်းသာနေရတာ

တဝက် သူ့ကိုချီးမြှင့်လိုက်ပါတယ် ဒီခေတ်ထဲမှာဒီလို ရိုးရိုးသားသား နဲ့လုပ်ကိုင်စားနေတဲ့ ခလေးတွေလဲ ရှိသေးတာ မိဘတွေကိုယ်စား ဂုဏ်ယူရင်းရေးသားလိုက်ရပါတယ် သူ့နံမည်က ဇင်စိုး တဲ့ #

ဒီစာလေးနဲ့အတူ ထပ်ဆင့် ဂုဏ်ပြုလိုက်ပါတယ် သား --

Zaw Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။