မင်္ဂလာဒုံမြို ့နယ်တွင် ၅၀၀၀ တန် အတုထုတ်လုပ်သုံးစွဲသူတစ်ဦးကို ရဲတပ်ဖွဲ ့ကဖမ်းဆီးရမိ်

အဆိုပါဖြစ်စဉ်မှာ ဟန်းဖုန်းအရောင်းအဝယ်ပြုလုပ်ရာတွင် နံပါတ်တူ ၅၀၀၀ တန် ၁၄ ရွက်ပါလာသဖြင့် မင်္ဂလာဒုံမြို ့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ ရာအိမ်မှူးဦးကြည်က ရဲတပ်ဖွဲ ့ကို အကြောင်းကြားအသိပေးခဲ့ခြင်းဖြစ်ပါသည် ။

ထို ့ကြောင့် မင်္ဂလာဒုံရဲတပ်ဖွဲ ့က ရပ်ကွက်လူကြီး တာဝန်ခံ သက်သေများရှေ ့မှောက်တွင် လာရောက်စုံစမ်းစစ်ဆေးခဲ့ရာ ၅၀၀၀ တန်အတု ထုတ်လုပ်သုံးစွဲ

သူဖြစ်သည့် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ပါသည် ။

ထိုသူမှာ ရွှေပေါက်ကံမြို ့သစ် (၁၁) ရပ်ကွက် ခိုင်ရွှေဝါလမ်း အမှတ် (၉၅၉) မှာ နေထိုင်သော စည်သူအောင် (ခ) သူရ ဖြစ်ပါသည် ။ တရားခံ၏ နေအိမ်တွင်

ငွေအတု ထုတ်လုပ်ရာတွင် အသုံးပြုသော မိတ္တူစက် လပ်တော့ပ်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရှိရသည် ။

Source: MUNA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။