မည်သည့်နိုင်ငံတွင်မှမရှိသေးသော ခရီးသည်အခြေပြုစနစ်ဖြင့်ပြေးဆွဲမည့် အထူးသီးသန့်ယာဉ်အမျိုးအစားကို
၂၁ ယာဉ်လိုင်းမှ April 5 ရက်နေ့က စတင်ပြေးဆွဲကြောင်းသိရပါတယ် ။
ခရီးသွားပြည်သူတွေ သက်တောင့်သက်သာလိုရာခရီးကိုမြန်မြန်သွားနိုင်စေပြီး YBS တွေရဲ့ ဝန်ဆောင်မှုတွေလဲမြှင့်တင်ချင်တာပါလို့
၂၁ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ဆိုပါတယ် ။ မိတ်ဆက်တဲ့အနေအထားမှာ ခရီးသည်တော်တော်များများကလက်ခံကြပြီး
ရေရှည်တည်တံဖို့ကခရီးသွားပြည်သူတွေအပေါ်မူတည်ပါတယ်တဲ့ ။ အဆိုပါယာဉ်ဟာ လူပိုတင်ဆောင်ခြင်းမရှိ ခုံစေ့သာလူတင်ပြီး
ကားခကိုလဲ စေတနာရှိသလောက်ပေးနိုင်တဲ့စနစ်ကိုကျင့်သုံးနေတာပါ ။ ထောက်ခံသူများပြားရင်တော့ ထိုယာဉ်မျိုးတွေများစွာပေါ်လာလိမ့်မယ်လို့လဲ
ကိုတရုတ်လေးကဆိုပါတယ် ။
အဆိုပါသီးသန့်ယာဉ်ဟာစီးပွားရေးအရလဲ အကျိုးအမြတ်ရှိနေပြီး အများပြည်သူများလက်ခံပါကအစီးရေ ၃၀ ထိထပ်မံတိုးချဲ့ဆွဲပေးဖို့အစီအစဉ်ရှိကြောင်းသိရပါတယ် ။
Source : New Watch
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။