အနုပညာလောကရဲ့ လက်ရှိတန်ဖိုးကြီးကြယ်ပွင့်တစ်ပွင်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်ကို ပရိသတ်များ ချစ်မယ်ထင်ပါတယ်။ သရုပ်ဆောင်တစ်မှုထူးခြားပြီး အနုအလှ ဟာသဇာတ်ရုပ်တွေကို ပီပီပြင်ပြင် ဖန်တီးတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမဟာအောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး အကယ်ဒမီရွှေစင် ရုပ်ထု နှစ်ဆုထိပိုင်ဆိုင်ထားတဲ့ အရည်အချင်းပြည့်ဝတဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင် တစ် ယောက်ပါပဲ။ အလှူတွေလည်း ခဏခဏလုပ်ပြီး စိတ်သဘောထားကောင်းတဲ့ မင်းသမီး လေးတစ်ယောက်ပါပဲ။

ကစ်လို့ ချစ်စနိုး ခေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ဟာ လတ်တလော အနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး ကြေညာများ၊ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ဓာတ်ပုံကြေညာများ ရိုက်ကူးနေတယ်လို့ သိရပါတယ်။လတ်တလောမှာလည်း ပြေတီဦးနဲ့ရိုက်ကူးရေး လုပ်နေတယ်လို့လည်းသိရပါတယ်။ကစ်ကစ်ကတော့ ရိုက်ကွင်းမှာအိပ်ငိုက်နေတဲ့ တီတီရဲ့ ပုံလေးတွေကို သူမရဲ့ instagram မှာတင်ကာဆေးထိုးထားတာတွေ့ရပါတယ်။

ကစ်ကတော့ အရမ်းကိုစနောက်တက်ပြီ းချစ်ဖို့ကောင်းနေလိုက်တာနော်။သူမကတော့ အမြဲလိုအလန်းဆုံးဖက်ရှင်ဒီဇိုင်းတွေနဲ့ အမြဲစမတ်ကျ လှပနေသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့ ချစ်စရာကောင်းတဲ့ စကားပြောပုံ ဟန်ပန်အမှုအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။ကဲ..ချစ်ပရိသတ်ကြီးတွက် တီတီကို စနောက်ထားတဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Wutt Mhone Shwe Yi Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။