ချစ်ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ နိုင်ငံကျော်တေးသံရှင် အောင်ရင်ကတော့ နိုင်ငံခြားမှာ အခြေချနေထိုင်နေတာကြောင့် ပရိသတ်တွေနဲ့ ဝေးကွားနေခဲ့တာနှစ်အတော် ကြာပြီပဲဖြစ်ပါတယ်။နှစ်ပေါင်များစွာဂီတလောကနဲ့ ဝေးကွာခဲ့ပြီး နောက်မှ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် အခွေလေးကိုလည်း ပြန်လည်အသက်သွင်းကာ မကြာသေးခင်က ပရိသတ်တွေလက် ထဲအရောက်ပို့ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်ရင်ရဲ့ သီချင်းခွေလေးတွေကတော့ မိသားစုနဲ့ ပတ်သက်တဲ့ ခံစားချက်သီချင်းလေးတွေလည်း ပါဝင်တာကြောင့် ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

အောင်ရင်ကတော့ အနုပညာအလုပ်တွေ နည်းပါးပေမယ့်လည်း သူရဲ့လူပ်ရှားမှုပုံရိပ်တွေကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာတော့ လန်ဒန်ကိုရောက်ရှိနေတဲ့ ဝေလရယ် နီနီခင်ဇော်တို့နဲ့အတူတကွ တွေ့ဆုံခဲ့တဲ့ အမှတ်တရ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ထိုအမှတ်တရပုံရိပ်လေးတွေနဲ့ အတူ " ပြန်ခါနီး နှုတ်ဆက်သီချင်းလေးတွေနဲ့ပျော်ပျော်ပါးပါး သီဆိုသွားတဲ့ ဦးအောင်ရင်ရဲ့ ဂီတမိသားစု ဘော်ဒါလေးတွေရေ မကြာခင်ပြန်ဆုံကြမယ်နော်" ဆိုတဲ့စာလေးပါဖော်ပြထားပါသေးတယ်။

သူရဲ့ သီချင်းတွေကလည်း ခံစားချက်အပြည့်နဲ့ ဖန်တီးသီဆိုထားတာတွေကြောင့် ပရိသတ်တွေကြား ယနေ့ထိတိုင် ရေပန်းစား လူကြိုက်များနေတာလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ဝေလ နီနီခင်ဇော်တို့နဲ့ လန်ဒန်မှာ တွေ့ဆုံခဲ့တဲ့ အောင်ရင်ရဲ့ အမှတ်တရပုံလေးတွေကို ပရိသတ်ကြီး ကြည့်ရူ့နိုင် စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Aung Yin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။