ချစ်ပရိတ်သတ်ကြီးရေ Myanmar Idol ရဲ့ Presenter ကြီး ကျော်ထက်အောင်ကို ပရိတ်သတ်ကြီး သိကြမယ်ထင်ပါတယ်။သူဟာ တည်ကြည်ခန့်ညား ယောကျာ်းပီသတဲ့ အရည်းအချင်းတွေပိုင်ဆိုင်ထားပြီး စကားပြောရာမှာလည်း အသံသြဇာကောင်းကောင်းနဲ့ တင်ဆက်တက်သူ တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အချစ်တော်ကြီးဖြစ်နေရသူဖြစ်ပါတယ်။သူ့ကိုတော့ သဘောကျအားပေးတဲ့ သူတွေအများကြီးဖြစ်ပြီး မိန်းကလေးပရိတ်သတ် အများစုအားပေးတာလည်းတွေ့ရပါတယ်။   

ကျော်ထက်အောင်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။သူရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ Mega Lifesciences Ltd. Myanmar ရဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ Nutrivita အတွက် official Exclusive Brand Ambassador အဖြစ် ကျော်ထက်အောင် အား ခန့်အပ်ချီးမြှင့်ပေးအပ်ပွဲကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကိုတင်ကာ "2019 မှာ အစ်ကိုအောင်ရဲ့ အရောင် white and blue "ဆိုတဲ့စာလေးနဲ့ဖော်ပြထားတာတွေ့ရပါတယ်။ 

ကျော်ထက်အောင်ကတော့ အမြဲလို စမတ်ကျနေတဲ့ စတိုင်လ်တွေနဲ့ ခန့်ညားနေတာကြောင့် မိန်းကလေးပရိသတ်တွေ ရဲ့ သည်းသည်းလှုပ်အားပေးချင်း ခံရတာလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိတ်သတ်ကြီးတွက် ကျော်ထက်အောင် ရဲ့ပွဲတက် ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Kyaw Htet Aung

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။