ချစ်ပရိသတ်ကြီးရေ မင်းသမီးလေး ပိုင်ဖြိုးသုကတော့ 3 Girls ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထူးခွှန်တဲ့ထိပ်တန်းမင်းသမီးတစ်ဦး ဖြစ်လာတဲ့ သူမက ပညာရေးဘက်မှာလည်း ထက်မြက်တဲ့ ဆရာဝန်မလေးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမက ရန်ကုန်တိုင်းဒေသကြီးရဲ့ ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်း ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။

ချစ်စဖွယ်ပုံရိပ်လေးနဲ့ Oppo F9 launch အခမ်းအနားပွဲလေးကို တတ်ရောက်လာတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ အံ့သြမင်သက်သွားလောက်အောင် ဘာဘီအရုပ်မလေးလို လှသွေးကြွယ်နေပြီး အားလုံးရဲ့အမြင်အာရုံတွေ သိမ်းပိုက်လိုက်တာပဲဖြစ်ပါတယ်။တခမ်းတနားလှနေတဲ့ ပန်းဆီရောင် ဖက်ရှင်လေး ဝတ်ဆင်ထားတဲ့ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုတော့ သုသုကသူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန်လည်မျှဝေထားပါသေးတယ်။

လတ်တလောမှာ သူမအနေနဲ့ ပွဲအခမ်းအနားတွေကို တက်ရောက်နေသလို ကြော်ငြာတွေအပြင် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ကဲ...ချစ်ပရိတ်သတ်ကြီးတွက် ပိုင်ဖြိုးသုရဲ့ ပွဲတက် ဖက်ရှင်ပုံရိပ်အလန်းတွေကို ပရိသတ်ကြီး ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Pai Phyoe Thu

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။