ချစ်ပရိသတ်ကြီးရေ ရွှေအိမ်စည်ကတော့ အလှမယ်လောကရဲ့ နာမည်ကြီးတစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့သည်းသည်းလှုပ်ချစ်ခင်အားပေးမှုတွေနဲ့ အောင်မြင်လာသူဖြစ်ပါတယ်။ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Golden Land Myanmar 2018 ရဲ့ သရဖူဆုရှင်လည်း ဖြစ်ပါတယ်။ မော်ဒယ်တစ်ယောက်ရဲ့ လိုအပ်ချက်တွေထက် ပိုမိုပြည့်ဝတဲ့ အရည်အသွေးတွေရှိသူဖြစ်ပြီး အလှအပရေးရာမှာလည်း အပြစ်ပြောစရာ မရှိသူတစ်ယောက် ဖြစ်ပါတယ်။

သူမကတော့ နေ့စဉ်လှုပ်ရှားမှုနဲ့ အနုပညာပုံရိပ်များကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း သူမရဲ့ ပုံရိပ်လေးနဲ့အတူ "လူတစ်ယောက် စာဖတ် မဖတ်က သူ့ရဲ့အပြောအဆို အနေအထိုင်ကို ကြည့်ရင်သိသာတယ်"ဆိုတဲ့ စာလေးနဲ့အတူ ဖော်ပြထားတာတွေ့ရပါတယ်။အိမ်စည်က Miss Supranational Myanmar 2018 အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပြည်ပကို သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

သူမဟာ ဖက်ရှင်ပိုင်းမှာလည်း အမြဲကိုစမတ်ကျလှပကာ ယုံကြည်မှု အပြည့် ရှိနေသူလေးလည်း ဖြစ်တာကြောင့် မိန်းကလေးအများစု အားကျ ချစ်ခင်နေရတာလည်းဖြစ်ပါတယ်။သူမရဲ့ အလှအပနဲ့ ပညာကလည်း အံ့မခန်းအောင်ပါပဲနော် ချစ်ပရိတ်သတ်ကြီးရေ။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် ရွှေအိမ်စည်ရဲ့ ပုံရိပ်လေးနဲ့အတူ သူမရဲ့စာလေးပါ ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။ 

Source:Shwe Eain Si

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။