ချစ်ပရိသတ်ကြီးရေ Facebook စာမျက်နှာမှာ ချစ်စရာကောင်းသူလေးအဖြစ် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့ ထိပ်ထားသခင်လေးကို ချစ်ခင်ကြမယ်ထင်ပါတယ်။ အသည်းယားစဖွယ် ဟန်ပန်အမူအရာလေးတွေနဲ့ စကားတတ်ပြီး သီချင်းဆိုကောင်းတာကြောင့် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ လူအများရဲ့ချစ်ခင်ခြင်းကို ရရှိထားသူလေးဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ စကားတွေအရမ်းတက်ပြီး လူကြီးလေးလို ပြောဆိုတက်တာလေးတွေကြောင့် ပရိသတ်တွေပါမက အနုပညာရှင်တွေရဲ့ ချစ်ခင်ခြင်းကိုပါ ရရှိထားသူလေးဖြစ်ပါတယ်။မကြာခင်က ထိပ်ထားလေးဟာ စမိုင်းလ်ရဲ့ အိမ်ကို သွားရောက်လည်ပတ်ခဲ့တဲ့ ပုံရိပ်လေးတွေ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။လတ်တလောမှာလည်း ထိပ်ထားလေးရဲ့ အရမ်းတက်တဲ့ စကားလေးတွေကြောင့် စမိုင်းလ်တောင် အံ့သြသွားတဲ့ ဗီဒီယိုဖိုင်လေးကိုတွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကလည်း ဖွေးဖွေး ငယ်ဘဝက ပုံစံတွေနဲ့ ချွတ်စွတ်တူနေတာကြောင့် ဖွေးဖွေးပေါက်စလေး ဟုပင်သတ်မှတ်ထားကြတာလည်းဖြစ်ပါတယ်။ထိပ်ထားလေးဟာ အသက်ငယ်ငယ်လေးနဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတော့မှာလည်း ဖြစ်ပါတယ်။ကဲ...ချစ်ပရိတ်သတ်ကြီးတွက် စမိုင်းလ်နဲ့ ထိပ်ထားလေးတို့ရဲ့ ဗီဒီယိုဖိုင်လေကို မျှဝေပေးလိုက်ပါတယ်

Source:We Love ထိပ်ထားသခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။