ချစ်ပရိသတ်ကြီးရေ Facebook စာမျက်နှာမှာ ချစ်စရာကောင်းသူလေးအဖြစ် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားတဲ့ ထိပ်ထားသခင်လေးကို ချစ်ခင်ကြမယ်ထင်ပါတယ်။ အသည်းယားစဖွယ် ဟန်ပန်အမူအရာလေးတွေနဲ့ စကားတတ်ပြီး သီချင်းဆိုကောင်းတာကြောင့် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ လူအများရဲ့ချစ်ခင်ခြင်းကို ရရှိထားသူလေးဖြစ်ပါတယ်။

ထိပ်ထားလေးရဲ့ ကိုကိုမမတွေတွက် ဆုံးမထားတဲ့ ဗီဒီယိုလေးတွေဟာ ဆိုရင်လည်း ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။လတ်တလောမှာတော့ ခသုံလုံး ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင်သစ် ရွှေးချယ်ပွဲမှာ ခန့်စည်သူ ခိုင်သင်းကြည် ထွန်းအိန္ဒြာဗိုလ် နေခြည်ဦး စတဲ့ အနုပညာတို့နဲ့ ထိပ်ထားလေးတွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးတွေကိုဖော်ပြထားပါတယ်။အရမ်းစကားတက်တဲ့ ထိပ်ထားလေးကတော့ မခိုင်လေးကို မြင်မြင်ချင်း " မမကအသက်ဘယ်လောက်ရှိပြီလည်း"ဆိုတဲ့ ချစ်စရာစတိုင်လေးနဲ့ မေးလိုက်တာနဲ့ပက်သက်ပြီး အကုန်လုံးက သဘောကျ ချစ်ခင်ကျတာလည်းတွေ့ရပါတယ်

ထိပ်ထားလေးရဲ့ စကားလုံးတွေကြောင့် မခိုင်လေးက တော်လိုက်တာ ချစ်စရာလေးဟု ချီးမွန်းခံလိုက်ရတဲ့ ထိပ်ထားလေးရဲ့ စန်းကတော့ အံ့မခန်းအောင်ပဲဖြစ်ပါတယ်။ချီချီကလည်း သူမ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ထိပ်ထားလေးနဲ့ အတူတကွ ရိုက်ထားတဲ့ ပုံလေးနဲ့ အတူဖော်ပြထားတာလည်းတွေ့ရပါတယ်။ကဲ....ချစ်ပရိတ်ကြီးတွက် ထိပ်ထားလေးနဲ့ အနုပညာအချို့ အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြလိုက်ပါတယ်။

Source:La Pyae & Kha Thone Lone

Photo credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။