ချစ်ပရိတ်သတ်ကြီးရေ ဂရေဟမ်နဲ့ ပန်းရောင်ခြယ်တို့ သားအဖက မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ အဆိုတော် သားအဖတွေထဲပါဝင်ပါတယ် ။တစ်ချိန်က နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ သီချင်းများရဲ့ ပိုင်ရှင် ဖခင် ဖြစ်သူလိုပဲ သမီးလေးကလည်း အနုပညာမျိုးဆက်ပီသစွာပဲ ဖခင်ရဲ့ အနုပညာအမွေကို လက်ဆင့်ကမ်းထားခဲ့တာလည်းဖြစ်ပါတယ်။သူတို့နှစ်သီးလုံးကတော့ ယနေ့တိုင်အောင်မြင်ကျော်ကြားကာ ပရိတ်သတ် အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။

ပန်းရောင်ခြယ်ရဲ့ သီချင်းအေးအေးလေးတွေကလည်း လူငယ်ပရိတ်သတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာလည်းတွေ့ရပါတယ်။ဂရေဟမ်ကတော့ သူရဲ့ အနုပညာလှုပ်ရှားမှုနဲ့ မိသားစုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိသူလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း သူတို့မိသားစုလိုက် ပျော်ပျော်ပါးပါး ဘန်ကောက်ကို ရောက်ရှိနေတဲ့ ခရီးသွား အမှတ်တရပုံလေးတွေကိုဖော်ပြထားတာဖြစ်ပါတယ်။

မိသားစုအမှတ်တရပုံရိပ်လေးတွေက ကြည်နူးပြီး ချစ်စရာကောင်းနေတာလည်းဖြစ်ပါတယ်။သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ ဂရေဟမ်ကတော့ ပျော်ရွှင်နေမှာအမှန်ပဲဖြစ်ပါတယ်။ကဲ.....ချစ်ပရိတ်သတ်တွေတွက် ဂရေဟမ်တို့ မိသားစု အမှတ်တရ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Graham

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။