ချစ်ပရိတ်သတ်ကြီးရေ Myanmar Idol ရဲ့ Presenter ကြီး ကျော်ထက်အောင်ကို ပရိတ်သတ်ကြီး သိကြမယ်ထင်ပါတယ်။သူဟာ တည်ကြည်ခန့်ညား ယောကျာ်းပီသတဲ့ အရည်းအချင်းတွေပိုင်ဆိုင်ထားပြီး စကားပြောရာမှာလည်း အသံသြဇာကောင်းကောင်းနဲ့ တင်ဆက်တက်သူ တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးအများစုရဲ့ အချစ်တော်ကြီးဖြစ်နေရသူဖြစ်ပါတယ်။သူ့ကိုတော့ သဘောကျအားပေးတဲ့ သူတွေအများကြီးဖြစ်ပြီး မိန်းကလေးပရိတ်သတ် အများစုအားပေးတာလည်းတွေ့ရပါတယ်။  

ကျော်ထက်အောင်ကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။သူရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်များကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ တင်ဇာမော် ယမုံတို့နဲ့ ရိုက်ကူးနေတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေနဲ့ အတူ "'အစ်ကိုအောင်' မျက်နှာများတဲ့ 'အောင်' မဟုတ်ပါဘူး ချစ်တယ်ဆို ချစ်တယ်ဘဲ အချစ်ဆိုတာမျိုးကလည်း အစမ်းသုံးလခန့်လို့မှ မရတာလေ On Job Training တော့ ဆင်းရတာပေါ့...... ဒါပေမယ့် " ဆိုတဲ့ စာသားလေးနဲ့ အတူဖော်ပြထားတာတွေ့ရပါတယ်။ 

ရိုက်ကွင်းပုံရိပ်လေးတွေကတော့ မျက်နှာများနေတဲ့ ပုံစံမျိုး ရိုက်ထားတာဖြစ်ပြီး ကျော်ထက်အောင်ကလည်း သူရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ပြောကြားထားတာလည်းတွေ့ရပါတယ်။ကဲ....ချစ်ပရိတ်သတ်ကြီးတွက် ကျော်ထက်အောင်ရဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေနဲ့ အတူ စာသားလေးပါ ကြည့်ရူ့နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။

Source:Kyaw Htet Aung

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။