မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ရတနာဗိုလ်ကို ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကားမှာ သရဲမလေးအဖြစ် ပါဝင်သရုပ်ထားတာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရထားခဲ့တာပဲဖြစ်ပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်တက်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် အောင်မြင်မှုရရှိလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

သူမဟာ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။မကြာမှီကာလကလည်း အနုပညာမောင်နှမများနဲ့ အတူ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့တာဖြစ်ပြီး ခရီးသွားပုံရိပ်များကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။လတ်တလောမှာလည်း ချစ်စရာဟန်ပန်အမူရာလေးနဲ့ ပုံရိပ်အချို့ကိုတင်ကာ "ညညဆို အနမ်းပေးမှ အိပ်ပျော်တယ်"ဆိုတဲ့စာသားလေးနဲ့အတူ စနောက်ကာဖော်ပြထားတာကိုတွေ့ရပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ နာမည်ကျော်လူကြိုက်များခဲ့တဲ့ ရတနာဗိုလ်ကတော့ အမြဲချစ်စရာကောင်းတဲ့ ဖက်ရှင်ပုံရိပ်လေးတွေနဲ့ ပရိတ်သတ်တွေရဲ့ အသည်းကို ကြွေစေခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိတ်ကြီးတွက် ရတနာဗိုလ်ရဲ့ ချစ်ရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Yadanar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။