ချစ်ပရိတ်သတ်ကြီးရေ နာမည်ကျော် လူကြိုက်များတဲ့ သရုပ်ဆောင်မင်းသားချောလေး ဇေရဲထက်ကို ပရိတ်သတ်ကြီးချစ်ကြမယ်ထင်ပါတယ်။သူဟာမိန်းကလေးတွေ ကြွေလောက်တဲ့ စမတ်ကျကျဒီဇိုင်းတွေရယ် ကိုရီးမင်းသားလေးလား ထင်မှတ်ရအောင် ယောကျာ်းပီသကာ ချောမောတာတွေကြောင့် ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်နေရတာဖြစ်ပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကိုပီပီပြင် သရုပ်ဆောင်တက်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် အောင်မြင်မှုရရှိကာ ပရိတ်သတ် အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

လတ်တလောမှာ ရေပန်းစား လူကြိုက်များနေတဲ့ Myanmar Idol ပြိုင်ပွဲကြီးကို ပရိတ်သတ်တွေပါမကပဲ အနုပညာရှင်အချို့ပါအားပေးကြမ်းနေတာပဲဖြစ်ပါတယ်။ဇေရဲထက်ကလည်း သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် "ဖြိုးမြတ်အောင်တွက် ပီတိဖြစ်ရတယ် မောင်ချိုတွက်စိတ်ခံစားရတယ်လို့ ပြောပြထားကာ မျိုးဆက်သစ်တွေ အရမ်းကို စည်းလုံးပြီးကြိုးစားကြတာ မြင်ရတာ တကယ်ပျော်မိတယ်"လို့ဖော်ပြထားတာတွေ့ရပါတယ်။

ဇေရဲထက်ကတော့ တကယ်ကို အနုပညာရှင်စိတ်ဓာတ် ပြည့်ဝသူလေးဖြစ်ပါတယ်။"နေရာတစ်နေရာရဖို့ မလွယ်ခဲ့ကြပါဘူးလို့လည်း သူရဲ့ ခံစားချက်လေးတွေကိုပါ ဖော်ပြထားပါတယ်"။ချစ်ပရိတ်သတ်တွေတွက် ဇေရဲထက်ရဲ့ ခံစားချက်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်မှ ကူးယူမျှဝေပေးလိုက်ပါတယ်။ဇေရဲထက်လည်း ရှေ့ဆက်မဲ့ အနုပညာအလုပ်တွေမှာ အောင်မြင်မှုတွေ ပိုမိ ပိုင်ဆိုင်ရရှိပါစေဆုတောင်းလိုက်ပါတယ်။

Source:Ko Zay Ye Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။