မိန်းခလေးတွေ အသဲစွဲ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကို ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

တိုင်ရွန်ဟာ လတ်တလောမှာတော့ ဗီယက်နမ်နိုင်ငံကို "Let's Go " အဖွဲ့သား သူငယ်ချင်းတွေနဲ့အတူ အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။အမိုက်စား ပုံရိပ်တွေနဲ့ အမြဲတမ်း ကောင်မလေးပရိတ်သတ်တွေကို ဆွဲဆောင်နေတဲ့ သူကတော့ ခုတစ်ခါမှာလည်း ယောကျာ်းပီသပြီး စမတ်ကျနေတဲ့ ပုံရိပ်လေးတွေနဲ့ ကောင်မလေးကိုကြွေစေပြန်ပါပြီ။"ခရီးတစ်ခုကို သွားချင်ရင် ထသွားလိုက်ပါ သူငယ်ချင်းတွေ စောင့်ပြီးစုမနေနဲ့"လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။ 

"လူကြီးတွေတားနေတယ်ဆိုတာလည်း ငယ်သေးလို့ တားတာဆိုလက်ခံတယ် ၂၀လောက်ဆိုရင်တော့ မတားသင့်တော့ပါဘူး လူငယ်တိုင်း လူငယ်ပီသအောင် နေနိုင်ကြပါစေဗျား"လို့ပြောလာတဲ့ တိုင်ရွှန်ကတော့ ခရီးသွား အမှတ်တရပုံရိပ်တွေနဲ့အတူ ဖေ့ဘွတ်ပေါ်တွင် တောက်လျှောက် ဖော်ပြနေတာလည်းတွေ့ရပါတယ်။တိုင်ရွှန်ရဲ့ သဘာဝ တောတောင် ရူ့ခင်းတွေကို နောက်ခံထားပြီး ရိုက်ထားတဲ့ သူရဲ့ အမိုက်စားပုံတွေကို ချစ်ပရိတ်သတ်တွေ ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။