မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး ရတနာဗိုလ်ကို ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဇာတ်ကားမှာ သရဲမလေးအဖြစ် ပါဝင်သရုပ်ထားတာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရထားခဲ့တာပဲဖြစ်ပါတယ်။သူဟာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်တက်တာကြောင့် အချိန်ခဏလေးတွင်းမှာတင် အောင်မြင်မှုရရှိလာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

သူမဟာ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း အနုပညာမောင်နှမများနဲ့ အတူ ဗီယက်နမ်နိုင်ငံသို့ ရောက်နေတာလည်းဖြစ်ပါတယ်။ဗီယက်နမ်ရောက်နေတဲ့ အမှတ်တရပုံများကို ဖော်ပြထားကာ ဗီယက်နမ်မလေးလား ထင်မှတ်လောက်အောင် ချစ်စရာကောင်းနေပြီး ဖက်ရှင်ကျနေတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

ရတနာဗိုလ်နဲ့အတူ ခရီးစဉ်မှာ အခြား အနုပညာရှင်မောင်နှမများ ဖြစ်တဲ့လွှမ်းပိုင် မိုးယံဇွန် အလင်းရောင် တိုင်ရွန် နန်းမြတ်ဖြိုးသင်း Bobby Soxer စံရတီမိုးမြင့် ရတနာဗိုလ် ခေမာ တို့ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။လူငယ်အနုပညာရှင်လေးတွေရဲ့ ပူပေါင်းတင်ဆက်မယ့် အနုပညာအသစ်တွေကိုလည်း မကြာခင်မှာ ပရိသတ်တွေ ကြည့်ရှု့ခံစားရတော့မှာပဲ ဖြစ်ပါတယ်။ပရိတ်သတ်ကြီးတွက် ရတနာဗိုလ်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source:Yadanar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။